ITPEC စာမေးပွဲများ ကျင်းပပြုလုပ်ခဲ့
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကြီးမှူးကျင်းပ လျှက်ရှိ သည့် Information Technology Professionals Examination Council (ITPEC) အသိအမှတ်ပြု စာမေးပွဲများကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ယနေ့ (၂၄-၄-၂၀၂၂) တွင် ကျင်းပပြုလုပ်ခဲ့ရာ Information Technology Passport Examination (IT Passport) စာမေးပွဲတွင် (၃၁၃) ဦး နှင့် Fundamental Information Technology Engineer Examination (FE) စာမေးပွဲတွင် (၂၃၈) ဦး စုစုပေါင်း (၅၅၁) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပါသည်။