ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ Asia Pacific Tele Community၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၏ ဦးဆောင်မှုဖြင့် Asia Pacific Tele Community မှ ပေးအပ်သော အထောက်အပံ့ဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကြီးမှူး၍ “Innovative Robot” Project ပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၄) ရက်၊ စနေနေ့တွင် ရန်ကုန်မြို့၊ MICT Park, Conference Hall ၌ နံနက် (၉) နာရီမှ ညနေ (၃) နာရီအထိ ကျွမ်းကျင်မှုဧရိယာအလိုက် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
အဆိုပါ ပြိုင်ပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၄) ရက်၊ သောကြာနေ့ နံနက် (၁၀:၀၀) နာရီတွင် (Zoom Online) အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း အတွင်းရေးမှူး ဦးဇော်ဝင်းထွန်းက ပြိုင်ပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားပေးခဲ့ပါသည်။
ရှင်းလင်းပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဦးအောင်ပြည့်ဟိန်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်မိုး၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် အခြေခံပညာဦးစီးဌာနက တာဝန်ရှိသူများ၊ ပြင်ပပုဂ္ဂလိကကျောင်းများနှင့် သတင်းမီဒီယာ (၇) ခုတို့ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်းနှင့် ရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်ပေးခဲ့ကြသည့် အဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူများအား ကျေးဇူးအထူးတင်ရှိပါသည်။