” ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပသည့် ” MCPA ICT Tour (Digital Transformation) နယ်လှည့် နည်းပညာဟောပြောပွဲ”
ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ပူးပေါင်း၍ “MCPA ICT Tour (Digital Transformation)” နယ်လှည့်နည်းပညာ ဟောပြောပွဲကို ၂၀၁၉ ခုနှစ် ၊မေလ ၂၂ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် (၁၀)နာရီမှ နေ့လည် (၁)နာရီအထိ မုံရွာမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနား၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားပြီး၊ တက်ရောက်လာသည့်ဧည့်သည်တော်များနှင့် အလုပ်အမှုဆောင်များက အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဦးဇော်ဝင်းထွန်းက “Cyber Security” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလုပ်အမှုဆောင် ဦးအောင်အောင်က “Building Capacity & Readiness for e-Government Transformation” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလုပ်အမှုဆောင် ဦးဝင်းထွန်းက “Current Trends In Digital Economy” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ တာဝန်ရှိသူက ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားကို အောင်မြင်စွာဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
” ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပသည့် ” MCPA ICT Tour (Digital Transformation) နယ်လှည့် နည်းပညာဟောပြောပွဲ”
