ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ Asia Pacific Tele community၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၏ လမ်းညွှန်မှုဖြင့် Asia Pacific Tele Community မှ ပေးအပ်သော အထောက်အပံ့ဖြင့် ကျင်းပသည့် APT Young Professionals and Studends Programme for 2022 “IoT Smart Challenge for Agri-Tech Sector Project Competition” ပြိုင်ပွဲကို အောင်မြင်စွာကျင်းပ ပြုလုပ်ခဲ့ပါသည်။
![](https://www.mcpamyanmar.org/wp-content/uploads/2023/08/309845273_143480618420023_7093047648221533303_n.jpg)
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ Asia Pacific Tele community၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၏ လမ်းညွှန်မှုဖြင့် Asia Pacific Tele Community မှ ပေးအပ်သော အထောက်အပံ့ဖြင့် ကျင်းပသည့် APT Young Professionals and Studends Programme for 2022 “IoT Smart Challenge for Agri-Tech Sector Project Competition” ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်၊ တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကြီးမှူး၍ အဆောင် (၁၄) Kanaung Hub Incubation Center , MICT Park ရန်ကုန်မြို့တွင် နံနက် (၉) နာရီမှ ညနေ (၃း၃၀ ) နာရီအထိ Online / Offline ဖြင့် အောင်မြင်စွာကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ Final ပြိုင်ပွဲ၏ Junior အဆင့်တွင် (၃) ဖွဲ့နှင့် Senior အဆင့်တွင် (၁၁) ဖွဲ့တို့က ကျွမ်းကျင်မှုဧရိယာအလိုက် ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ကျွမ်းကျင်ပညာရှင် (၈) ဦးတို့မှ အကဲဖြတ် ကြီးကြပ်ပေးခဲ့ပါသည်။