မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ တိုင်းဒေသကြီး/ ပြည်နယ် အသင်းသူ/ အသင်းသားများသို့ အသိပေးအကြောင်းကြားခြင်း

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ တိုင်းဒေသကြီး/ပြည်နယ် ကွန်ပျူတာပညာရှင်အသင်းများ ၌ ၂၀၁၈ – ၂၀၂၀ ခုနှစ် သက်တမ်းအတွက် အလုပ်အမှုဆောင်အဖွဲ့များအား ရွေးကောက်တင်မြှောက် ဖွဲ့စည်းရန် အောက်ပါအစီအစဉ်များအတိုင်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ရွေးကောက်ပွဲပြုလုပ်မည့်ရက်များ

  • ဧရာဝတီတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း – ၁၅ – ၁၁ – ၂၀၁၈ (ကြာသပတေးနေ့)
  • ပဲခူးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း – ၁၆ – ၁၁ – ၂၀၁၈ (သောကြာနေ့)
  • မွန်ပြည်နယ်ကွန်ပျူတာပညာရှင်အသင်း – ၁၇ – ၁၁ – ၂၀၁၈ (စနေနေ့)
  • ကရင်ပြည်နယ်ကွန်ပျူတာပညာရှင်အသင်း – ၁၇ – ၁၁ – ၂၀၁၈ (စနေနေ့)
  • မန္တလေးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း – ၈ – ၁၂ – ၂၀၁၈ (စနေနေ့)
  • မကွေးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း – ၈ – ၁၂ – ၂၀၁၈ (စနေနေ့)
  • စစ်ကိုင်းတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း – ၉ – ၁၂ – ၂၀၁၈ (တနင်္ဂနွေနေ့)
  • ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း – ၁၄ – ၁၂ – ၂၀၁၈ (သောကြာနေ့)

အောက်ပါအချက်အလက်နှင့် ပြည့်စုံသော အသင်းသားများသည် တိုင်းဒေသကြီး/ ပြည်နယ် ကွန်ပျူတာပညာရှင်အသင်း ရွေးကောက်ပွဲများအတွက် အောက်ပါ Page မှတဆင့် ဝင်ရောက်မဲပေး (Register) ပြုလုပ်နိုင်ပါသည်။ အချက်အလက်နှင့်ပြည့်စုံသော မဲပေးနိုင်သည့် အသင်းသားများကို မဲပေး နိုင်သည့် နေ့ရက်/အချိန်တို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ကွန်ပျူတာပညာရှင်အသင်းမှ အကြောင်းပြန်ကြားပေးမည်ဖြစ်သည်။

မဲပေးလိုသူ အသင်းသား၏ စည်းကမ်းချက်များ

အသင်းသားများသည် အောက်ပါစည်းကမ်းချက်များနှင့် ပြည့်စုံပါက မဲပေးသူအဖြစ် မှတ်ပုံတင် နိုင်သည်။

  • (က) အသင်းသားသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်တွင် နေထိုင်သူ ဖြစ်ရမည်။
  • (ခ) အသင်းဝင်ကြေး၊ နှစ်စဉ်ကြေး ကြွေးကျန် ကင်းရှင်းပြီးသူ ဖြစ်ရမည်။
  • (ဂ) မဲပေးသူ၏မှတ်ပုံတင်လွှာတွင် ပြည့်စုံစွာ ဖြည့်စွက်ရမည်။
  • (ဃ) သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ကွန်ပျူတာပညာရှင်အသင်းမှ သတ်မှတ်ထားသော နောက်ဆုံးရက် အချိန်မတိုင်မီ မှတ်ပုံတင်လွှာ ပေးပို့ရမည်။

မဲပေးခွင့်ရှိသောအသင်းသားများ

  • (က) မဲပေးလိုသော အသင်းသား၏ လျှောက်ထားလာသော မှတ်ပုံတင်လွှာပါ အချက်အလက် များကို မှန်ကန် ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးရမည်။
  • (ခ) အချက်အလက်များနှင့် ကိုက်ညီသည့် မဲပေးလိုသောအသင်းသားများကို သက်ဆိုင်ရာ အသင်းရုံးများမှ မဲပေးခွင့်ရှိသော အသင်းသားများအဖြစ် email ဖြင့် အကြောင်းပြန်ကြား ပေးမည် ဖြစ်ပါသည်။
  • (ဂ) မဲပေးခွင့်ရှိကြောင်း အကြောင်းပြန်စာ လက်ခံရရှိသောသူများသာ ကိုယ်တိုင် မဲပေးခွင့် ရှိသည်။

Online Application for Voter Registration