မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(MCPA) သည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာ လက်တွေ့လေ့လာမှု များအား အထောက်အကူပြုနိုင်ရန်အတွက် လစဉ် LAB Schedule များရေးဆွဲ၍ လက်တွေ့လုပ်ဆောင်မှုများကို ဆောင်ရွက် ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် တစ်ဦးဖြစ်သော ဦးရဲကျော်သိန်း မှမတ်လ (၂၆) ရက်တွင် နေ့လည် ၁း၀၀ နာရီ မှ ၅း၀၀ နာရီအထိ “Using VM Ware” ခေါင်းစဉ်ဖြင့် လက်တွေ့ သရုပ်ပြသွားမည် ဖြစ်သည်။
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ MCPA စာမေးပွဲအောင်မြင်ထားသူများ နှင့် စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်လေ့လာနိုင်ပြီး မတ်လ (၂၅) ရက် ညနေ (၃း၀၀) နာရီ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်သည်။ လက်တွေ့ စမ်းသပ်သူ (၂၄) ဦး လက်ခံမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း (၄)၊ ဖုန်း-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ဆက်သွယ်စုံစမ်းနိုင်သည်။
ICT-Laboratory “Using VM Ware” ခေါင်းစဉ်ဖြင့် လက်တွေ့စမ်းသပ်ပြုလုပ်မည်
