ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၇) ရက်
ITPEC Intensive Training စာမေးပွဲများ ယာယီရွှေ့ဆိုင်းထားကြောင်း အသိပေးကြေညာချက်
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ စာအမှတ် ၇၀(၂၃)/၁/သမ္မတရုံး ဖြင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၃) ရက်တွင် ထုတ်ပြန်သောစာအရ COVID-19 သည် ကမ္ဘာ့ကပ် ရောဂါဖြစ်ကြောင်း WHO ၏ ကြေညာချက်အပေါ်လိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် အဆိုပါရောဂါသည် လူစုလူဝေးများမှတစ်ဆင့် လျင်မြန်စွာ ကူးစက်နိုင်ပါသဖြင့် လူစုလူဝေးဖြင့် ကျင်းပရမည့် အစည်းအဝေးများ၊ အခမ်းအနားများ၊ ဟောပြောဆွေးနွေးပွဲများနှင့် ပွဲလမ်းသဘင်များအား မတ်လ (၁၃) ရက်မှ ဧပြီလ (၃၀) ရက်အထိ ရပ်ဆိုင်းထားပြီး မပြုလုပ်ကြရန် ညွှန်ကြားထားပါသည်။
၂။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက စစ်ဆေးသည့် (၈) နိုင်ငံအသိအမှတ်ပြု Information Technology Professionals Examination Council (ITPEC) စာမေးပွဲ Intensive Training အား ယာယီပိတ်ထားမည်ဖြစ်ပြီး သင်တန်းပြန်လည် ဖွင့်လှစ်မည့် နေ့ရက်၊ အချိန်ကို အခြေအနေပေါ်မူတည်၍ ထပ်မံကြေညာပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
(ထွန်းခိုင်)
ဥက္ကဋ္ဌ
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း