ASEAN Skills Competition 2020 နှင့်ပတ်သက်၍ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း

November 8, 2019 / Comments Off on ASEAN Skills Competition 2020 နှင့်ပတ်သက်၍ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း

Events

အာဆီယံအဆင့် ICT Skills ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည့် ထူးချွန်လူငယ်များပေါ်ထွက်လာစေရန်၊ လူငယ်များအကြား နိုင်ငံအဆင့်ကျွမ်းကျင်မှုပြိုင်ပွဲများနှင့် ရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်၍ ၂၀၂၀ ခုနှစ်၊ သြဂုတ်လတွင် စင်္ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်မည့် World Skills ASEAN Competition 2020 တွင် မြန်မာနိုင်ငံကိုယ်စားပြု၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက Web Design Skills ပြိုင်ပွဲ၊ Information Network Cabling ပြိုင်ပွဲ၊ IT Network System Administration ပြိုင်ပွဲနှင့် IOT ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် သူများအား ရွေးချယ်စေလွှတ်၍ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။
ပြိုင်ပွဲအစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပွဲကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်၊ သောကြာနေ့ နေ့လယ်(၃:၀၀) နာရီ၌ အစည်းအဝေးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ MICT Park ၌ ပြုလုပ်ခဲ့ပါသည်။ ရှင်းလင်းပွဲ၌ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ အတွင်းရေးမှူး ဦးဇော်ဝင်းထွန်းက ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အလုပ်အမှုဆောင် ဦးကျော်သူရအောင်က World Skills ASEAN Competition 2018 – Thailand ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အခြေအနေများကို ရှင်းလင်းပြောကြား၍ Web Design Skills ပြိုင်ပွဲနှင့် ပတ်သက်ပြီး ဆက်လက်ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး Information Network Cabling ပြိုင်ပွဲနှင့်ပတ်သက်၍ အလုပ်အမှုဆောင် ဦးရဲကျော်သိန်းက ရှင်းလင်းပြောကြားခဲ့ပြီး၊ အလုပ်အမှုဆောင် ဦးအေးကျော်လှိုင်က IT Network System Administration ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်များ၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သုတေသန ဌာနနှင့် KMD Institute, GUSTO University, Green Hackers Group, Space Computer Center, Pearl Yadanar Software Solution တို့မှ သိလိုသည့်မေးခွန်းများကို တာဝန်ရှိသည့် အလုပ်အမှုဆောင်များက ပြန်လည်ရှင်းလင်းဖြေကြား ပေးခဲ့ပြီး ရှင်းလင်းပွဲကို အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။