အပြည်ပြည်ဆိုင်ရာ “World Robot Games (WRG) 2019” ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အနေဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ဦးဆောင်၍ ပထမဦးဆုံးအကြိမ် သွားရောက်ယှဉ်ပြိုင်ခြင်း
အပြည်ပြည်ဆိုင်ရာ “ World Robot Games (WRG) 2019” ပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
ထိုအပြည်ပြည်ဆိုင်ရာ “World Robot Games (WRG) 2019” ပြိုင်ပွဲတွင် စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ မြန်မာ၊ ဘူတန်၊ တရုတ်နိုင်ငံ စသည့် နိုင်ငံပေါင်း (၉) နိုင်ငံတို့က ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ဦးဆောင်၍
၁။ Rugby Robot ပြိုင်ပွဲတွင် အဖွဲ့ဝင် (၄) ဦး
၂။ Biped Robot Race ပြိုင်ပွဲတွင် အဖွဲ့ဝင် (၂) ဦး နှင့်
၃။ Line Tracing Extreme ပြိုင်ပွဲတွင် အဖွဲ့ဝင် (၂) ဦး စုစုပေါင်း (၈) ဦးတို့က ပထမဦးဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပါသည်။
ထို့အတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်သော ပြိုင်ပွဲဝင်အဖွဲ့များ နှင့် ကြီးကြပ်သူများသည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၉ ရက် နံနက်တွင် လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာခဲ့ကြပါသည်။