” ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပသည့် ” MCPA ICT Tour (Digital Transformation) နယ်လှည့် နည်းပညာဟောပြောပွဲ”
ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ပူးပေါင်း၍ “MCPA ICT Tour (Digital Transformation)” နယ်လှည့်နည်းပညာ ဟောပြောပွဲကို ၂၀၁၉ ခုနှစ် ၊မေလ ၂၇ရက်၊ တနင်္လာနေ့ နေ့လယ် (၁)နာရီမှ ညနေ (၄)နာရီအထိ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနား၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် ဖိတ်ကြားထားသောအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ဌာနဆိုင်ရာ အသီးသီးမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး၊ ဝန်ကြီးချုပ် ဦးမြင့်မောင်က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြား၍ တက်ရောက်လာသည့်ဧည့်သည်တော်များနှင့် အလုပ်အမှုဆောင်များက အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးထွန်းခိုင်က “Building Capacity & Readiness for e-Government Transformation” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလုပ်အမှုဆောင် ဦးရဲကျော်သိန်းက ” e-Government Infrastructure, Security and Privacy Issues” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလုပ်အမှုဆောင် ဦးအေးကေျာ်လှိုင်က “Current Trends In Digital Economy” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ တာဝန်ရှိသူက ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားကို အောင်မြင်စွာဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
” ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပသည့် ” MCPA ICT Tour (Digital Transformation) နယ်လှည့် နည်းပညာဟောပြောပွဲ”
