” ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပသည့်
MCPA ICT Tour (Digital Transformation) နယ်လှည့် နည်းပညာဟောပြောပွဲ ”
ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ပူးပေါင်း၍ ၂၀၁၉ခုနှစ် ၊မတ်လ ၂၁ရက်၊ ကြာသပတေးနေ့ နံနက် (၁၀)နာရီမှ (၁၂)နာရီအထိ မြို့တော်ခန်းမ၊ မကွေးမြို့၌ “MCPA ICT Tour (Digital Transformation)” နယ်လှည့်နည်းပညာ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနား၌ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဦးဇော်ဝင်းထွန်းက ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဇော်မင်းက ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ မကွေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ (၁) ဦးသော်တာဇော်က မကွေးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း၏ လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
ဟောပြောပွဲ အစီအစဉ်များတွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း တွဲဖက်အတွင်းရေးမှူး (၁) ဦးအောင်စိုးမိုးက “Building Capacity And Readiness For e-Government Transformation” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း အလုပ်အမှုဆောင် ဦးရဲကျော်သိန်းက “e-Government Infrastructure, Security and Privacy Issues” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဦးဇော်ဝင်းထွန်းက “Current Trends in Digital Economy” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ တက်ရောက်လာသူများကလည်း သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး အလုပ်အမှုဆောင်များက ပြန်လည်ဖြေကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသည့်ဧည့်သည်တော်များနှင့် အလုပ်အမှုဆောင်များက အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။
” ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပသည့် MCPA ICT Tour (Digital Transformation) နယ်လှည့် နည်းပညာဟောပြောပွဲ ” ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ပူးပေါင်း၍ ၂၀၁၉ခုနှစ် ၊မတ်လ ၂၁ရက်၊ ကြာသပတေးနေ့ နံနက် (၁၀)နာရီမှ (၁၂)နာရီအထိ မြို့တော်ခန်းမ၊ မကွေးမြို့၌ “MCPA ICT Tour (Digital Transformation)” နယ်လှည့်နည်းပညာ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
