ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)တွင် နည်းပညာဟောပြောပွဲကျင်းပပြုလုပ်ခဲ့ခြင်း

September 13, 2018 / Comments Off on ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)တွင် နည်းပညာဟောပြောပွဲကျင်းပပြုလုပ်ခဲ့ခြင်း

News

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ MCPA ICT Tour 2018 နည်းပညာဟောပြောပွဲကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက် (တနင်္လာနေ့) နေ့လယ် (၂:၀၀) နာရီမှ (၄:၀၀) နာရီအထိ ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်) ၏ ကျောင်း အုပ်ကြီး ဒေါက်တာအောင်မြင့်အေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ(၁) ဦးထွန်းခိုင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
အဆိုပါ နည်းပညာဟောပြောပွဲတွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ(၁) ဦးထွန်းခိုင်က “Future Technology Trends“ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း တွဲဖက်အတွင်းရေးမှူး (၃) ဦးရဲကျော်သိန်းက “Professional Standards & Skills ခေါင်းစဉ်ဖြင့်လည်း ကောင်း ဆွေးနွေး ဟောပြောခဲ့ပါသည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာသူ ကျောင်းသားကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ အလုပ်အမှုဆောင်များက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး ဟောပြောပွဲအခမ်းအနားကို အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။