ICT-Laboratory “Cisco Router and Switch Password Recovery” ခေါင်းစဉ်ဖြင့် လက်တွေ့စမ်းသပ်ပြုလုပ်မည်

June 23, 2018 / Comments Off on ICT-Laboratory “Cisco Router and Switch Password Recovery” ခေါင်းစဉ်ဖြင့် လက်တွေ့စမ်းသပ်ပြုလုပ်မည်

Lab

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(MCPA) သည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာ လက်တွေ့ လေ့လာမှုများအား အထောက်အကူပြုနိုင်ရန်အတွက် လစဉ် LAB Schedule များရေးဆွဲ၍ လက်တွေ့ လုပ်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးရဲကျော်သိန်း(Compu Tech)၊ ဦးအောင်ဇော်မြင့်(MST) တို့မှ ဧပြီလ (၃၀) ရက်တွင် နေ့လည် ၁း၀၀ နာရီ မှ ၅း၀၀ နာရီအထိ  “Cisco Router and Switch Password Recovery”ခေါင်းစဉ်ဖြင့် လက်တွေ့ သရုပ်ပြသွားမည် ဖြစ်သည်။
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ MCPA စာမေးပွဲအောင်မြင်ထားသူများ နှင့် စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်aလေ့လာနိုင်ပြီး ဧပြီလ (၂၉) ရက် ညနေ (၃း၀၀) နာရီ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်သည်။ လက်တွေ့စမ်းသပ်သူ (၂၄) ဦး လက်ခံမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း (၄)၊ ဖုန်း-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ဆက်သွယ် စုံစမ်းနိုင်သည်။