မြန်မာနိုင်ငံ ဒီဂျစ်တယ် ပုံနှိပ်နှင့် ဆိုင်းဘုတ်လုပ်ငန်းရှင်များအသင်း (MDPSEA)၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း MCIA နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) တို့ပူးပေါင်းကျင်းပမည့် PRINT-SIGN & ICT EXPO 2025 ပြပွဲ ဖဲကြိုးဖြတ် ဖွင့်ပွဲအခမ်းအနား ကို ယနေ့ ၂၀၂၅ခုနှစ် ၊ မေလ (၁၆)ရက်နေ့တွင် Yangon Convention Center (YCC) ခန်းမတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားကို UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်း၊ MCF ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်၊ MCIA ဥက္ကဋ္ဌ ဦးမျိုးမင်းဦး၊ MCPA ဥက္ကဋ္ဌ ဦးထွန်းခိုင်၊ MDPSEA ဥက္ကဋ္ဌ ဦးကျော်စံ တို့က တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြပါသည်။
Print-SIGN ICT Expo ပြပွဲကြီးတွင် ပါဝင်ပြသကြမည့် ကုမ္ပဏီစုစုပေါင်း (၄၄)ခန်း ပြခန်းပေါင်း (၁၃၅)ခန်း ပါဝင်ပြသ ကြပြီး Digital Printing နှင့် Signage လုပ်ငန်းသုံး နောက်ဆုံးပေါ်စက်ပစ္စည်းများနှင့် နည်းပညာ များ ဖြစ်သည့် Large Format DTF Printer, UV Printer, Laser Machine, Fiber Machine, Bending Machine, Display နှင့် Lighting Equipment များအပါအဝင် Digital Printing နှင့် Signage ကဏ္ဍအတွက် လိုအပ်သောပစ္စည်းများ၊ ဆက်သွယ်ရေးကိရိယာများ၊ Mobile နည်းပညာများ၊ ဆော့ဖ်ဝဲများ၊ Payment Solution များ လုံခြုံရေးစနစ်များ၊ နည်းပညာဆိုင်ရာ သင်တန်းများနှင့် နောက်ဆုံးပေါ် အီလက်ထရောနစ် ပစ္စည်း တို့ကို မေလ (၁၆၊ ၁၇၊ ၁၈) ရက်များတွင် နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ ၃ရက်တိုင်တိုင် Yangon Convention Center (YCC) ခန်းမတွင် စည်ကားသိုက်မြိုက်စွာ ခင်းကျင်း ပြသပေး သွားမည် ဖြစ်ပါသည်။
ပြပွဲကျင်းပခြင်းဖြင့် စီးပွါးရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ ကျောင်းသား/ ကျောင်းသူ များ၊ လူငယ်များနှင့် ပြည်သူလူထုတို့ အနေဖြင့် ခေတ်မီ Digital Printing နှင့် Signage လုပ်ငန်းသုံး ပစ္စည်းများ၊ ICT နှင့် သက်ဆိုင်သော ထုတ်ကုန်များနှင့် နည်းပညာမျိုးစုံကို တနေရာ ထဲတွင် အဆင်ပြေစွာ လာရောက် ကြည့်ရှုလေ့လာဝယ်ယူနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပ ပြုလုပ် လျက်ရှိပါသည်။