Mobile ICT Learning Center အ​ခြေခံကွန်​ပျူ တာနှင်​့မိုဘိုင်​းတတ်​​မြောက်​​ရေးသင်​တန်​း(ထန်​းတပင်​မြို့နယ်​) (၃−၄/၂၀၁၇) သင်တန်းဆင်းပွဲ​​​အခမ်​းအနားကျင်းပခဲ့ခြင်း

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းစီစဉ်သည့် Mobile ICT Learning Center အ​ခြေခံကွန်​ပျူ တာနှင်​့မိုဘိုင်​းတတ်​​မြောက်​​ရေးသင်​တန်​း(ထန်​းတပင်​မြို့နယ်​) (၃−၄/၂၀၁၇) သင်တန်းဆင်းပွဲ​​​အခမ်​းအနားကို ၅.၂.၂၀၁၇(တနင်္ဂ​နွေ​နေ့) နံနက်​၈နာရီ တွင်​ ထန်​းတပင်​မြို့နယ်​ မဲဆန္ဒအမှတ်​(၁) တက်​သစ်​ကျွန်​း​ဒေသ ရခိုင်​ရိုးကြီးအုပ်​စု ရခိုင်​ရိုး​လေး​ကျေးရွာတွင်​ကျင်​းပပြုလုပ်​ခဲ့ပါသည်​။ အဆိုပါသင်​တန်​းဆင်​းပွဲအခမ်​းအနားတွင်​ ထန်​းတပင်​မြို့နယ်​ မဲဆန္ဒနယ်​ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​နေမျိုးထွန်​း၊ မဲဆန္ဒနယ်​ တိုင်​း​ဒေသကြီး(၁) လွှတ်​​တော်​ကိုယ်​စားလှယ်​ ​ဦး​အောင်​ဘုန်​း​ကျော်​ဇံဦး၊ ရန်​ကုန်​တိုင်​း​ဒေသကြီး ကွန်​ပျူ တာပညာရှင်​အသင်​း ဥက္ကဌ ဦး​အောင်​စိုးမိုး တို့မှ အမှာစကား​ပြောကြားခြင်​း၊ ရန်​ကုန်​တိုင်​း​ဒေသကြီး ကွန်​ပျူတာလုပ်​ငန်​းရှင်​အသင်​း ​ဒေါက်​တာ​ကျော်​ဆန်​းဦးမှ Mobile ICT Learning Center ပြုလုပ်​ရခြင်​းရည်​ရွယ်​ချက်​နှင်​့ အ​ကြောင်​းအရာများအားရှင်​းလင်​း​ပြောကြားခြင်​း၊ ရန်​ကုန်​တိုင်​း​ဒေသကြီး ကွန်​ပျူတာပညာရှငိအသင်​း အတွင်​း​ရေးမှူ း ဦးရာဝီမှ "How Social Media Works"​ခေါင်​းစဉ်​ဖြင်​့လည်​း​ကောင်​း၊ ရန်​ကုန်​တိုင်​း​ဒေသကြီးကွန်​ပျူ တာပညာရှင်​အသင်​း တွဲဖက်​အတွင်​း​ရေးမှူ း(၃) ဦးစိုင်​းတင်​မင်​းလူမှ "ICT For Career" ​ခေါင်​းစဉ်​တို့ဖြင်​့ ​ဆွေး​နွေး​ဟော​ပြောခဲ့ပါသည်​။