Mobile ICT Learning Center အခြေခံကွန်ပျူတာနှင့် မိုဘိုင်းတတ်မြောက်ရေးသင်တန်း(ကွမ်းခြံကုန်းမြို့နယ်) (၅−၆/၂၀၁၇) ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ခြင်း

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်သည့် Mobile ICT Learning Center အခြေခံကွန်ပျူတာနှင့် မိုဘိုင်းတတ်မြောက်ရေးသင်တန်း(ကွမ်းခြံကုန်းမြို့နယ်) (၅−၆/၂၀၁၇) ဖွင့်ပွဲအခမ်းအနားကို ၇ − ၂ − ၂၀၁၇ (အင်္ဂါနေ့) နံနက် (၁၀း၀၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ဗိုလ်ချုပ်လမ်း၊ ကံကြီးမကျီးရပ်ကွက်တွင် ဖွင့်လှစ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ် ဦးမန်းအောင်ကိုမင်း၊ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမျိုးမင်းဦးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး၊ တာဝန်ရှိသူများ၊ ဧည့်သည်တော်များတက်ရောက်၍ အခမ်းအနားကို အောင်မြင်စွာဖွင့်လှစ်ခဲ့ပါသည်။