အ.ထ.က (၁) ရွှေပြည်သာကျောင်း၌ MCPA ICT နည်းပညာ ပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ခြင်း

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း (YRCPA) ၏ ပညာရေးကော်မတီမှ ကြီးမှူး၍ Visa Inc., ၏ ကူညီပံ့ပိုးမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် တိုးတက်လာသော ICT နည်းပညာရပ်များအကြောင်း သိရှိနားလည် နိုင်စေရန် ရည်ရွယ်၍ MCPA ICT နည်းပညာ ပညာပေး ဟောပြောပွဲကို

အ.ထ.က (၁) ရွှေပြည်သာကျောင်းသို့ (၈-၁၂-၂၀၁၆) ရက်နေ့၌ သွားရောက်ဟောပြောခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းအေးမှ အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာ ပညာရှင်အသင်း ပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းထွန်း နှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးစိုင်းတင်မင်းလူ တို့မှ ICT နှင့် ပတ်သက်သည့် နည်းပညာရပ်များနှင့် အသုံးချမှုများ၊ အလုပ်အကိုင်အခွင့်အလမ်းများအကြောင်းကို နံနက် (၁၀) နာရီမှ (၁၂) နာရီအထိ ဟောပြောဆွေးနွေးခဲ့ကြပါသည်။