အ.ထ.က (၁) ပန်းဘဲတန်းကျောင်း၌ MCPA ICT နည်းပညာ ပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ခြင်း

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း (YRCPA) ၏ ပညာရေးကော်မတီမှ ကြီးမှူး၍ Visa Inc., ၏ ကူညီပံ့ပိုးမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် တိုးတက်လာသော ICT နည်းပညာရပ်များအကြောင်း သိရှိနားလည် နိုင်စေရန် ရည်ရွယ်၍ MCPA ICT နည်းပညာ ပညာပေး ဟောပြောပွဲကို
အ.ထ.က (၁) ပန်းဘဲတန်းကျောင်းသို့ (၂၃-၁၁-၂၀၁၆) ရက်နေ့၌ သွားရောက်ဟောပြောခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းအေးက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးငြိမ်းဦး နှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးဘုန်းပြည့်ဦး တို့က ICT နှင့် ပတ်သက်သည့် နည်းပညာရပ်များနှင့် အသုံးချမှုများ၊ အလုပ်အကိုင်အခွင့်အလမ်းများအကြောင်းကို နံနက် (၉) နာရီမှ (၁၁) နာရီအထိ ဟောပြောဆွေးနွေးခဲ့ကြပါသည်။