ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Essential Graphic Design for Web Development သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Graphic design နည်းပညာကို စိတ်ဝင်စားသော လူငယ်များအတွက်လည်းကောင်း IT နည်းပညာဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တဖက်တလမ်းမှ ပံ့ပိုး ကူညီနိုင်ရန်အတွက်လည်းေကာင်း ရည်ရွယ်၍ Essential Graphic Design for Web Development သင်တန်းကို ၂၀၁၇ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

သင်တန်းကို graphic design အခြေခံရှိပြီး Web Page Design ရေးဆွဲလိုသူများ၊ ကွန်ပျူတာကေျာင်းသား/သူများ၊ Web Designer ဖြစ်လိုသူများ၊ Web Site တည်ထောင်လိုသူများ အထူးတက်ရောက်သင့်ပါသည်။

သင်တန်းကာလအတွင်း HTML, Dreamweaver, Photoshop,... Software များကို ပေါင်းစပ် လေ့ကျင့်သင်ကြား ပေးသွားမည် ဖြစ်ကာ သဘောတရားနားလည်စေပြီး လက်တွေ့ ပိုင်နိုင်စွာ အသုံးချရေးဆွဲတည်ဆောက်နိုင်အောင် လေ့ကျင့် သင်ကြားပေးမည်ဖြစ်ပါသည်။

မိမိ ကိုယ်တိုင် Designs များရေးဆွဲပီး Web Pages များတည်ဆောက်နိုင်မှာ ဖြစ်တဲ့အတွက် သင်တန်းပြီးဆုံးပါက Professional Web Designer အဖြစ် ရပ်တည်နိုင်မှာဖြစ်ပါသည်။

ကိုယ်ပိုင် Web Page တခုကို ရေးဆွဲတင်ပြနိုင်မှသာ Certificate ထုတ်ပေးမည်ဖြစ်ပါသည်။ ပါဝင်သော အကြောင်းအရာများမှာ -

- Understanding web design, web pages and website
- What is HTML?
- Creating web pages with HTML and Dreamweaver
- How useful Photoshop is for designs!
- Tracing captured page-images
- Making web layouts and Designing web pages
- Adding simple text and marquee text to pages
- Searching required images on google and taking photos
- Retouching, repairing and changing images
- Adding Gif animations to pages
- Adding images to pages and changing images
- Creating buttons, rollover buttons and 3D-like buttons
- Making logos, ads designs, background designs, menu designs, title designs, ...
- How to use ready made web designs or templates
- A self-created web design must be shown to get certificates

သင်တန်းကာလ - ၂၀၁၇ ခုနှစ်၊ မတ်လ (၁၁)ရက်နေ့မှ ဧပြီ (၂) ရက်နေ့အထိ (စနေ/တနင်္ဂနွေ)
သင်တန်းချိန် -      နေ့လည် (၁)နာရီမှ (၄)နာရီအထိ

သင်တန်းဆရာ − ဉီးကျော်ဌေး
သင်တန်းကြေး - ၁၀၀,၀၀ဝိ/ (တစ်သိန်းကျပ်)
MCPA Member (50%) - ၅၀,၀၀ဝိ/ (ငါးသောင်းကျပ်)