ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှုး၍ "Basic Wireless Networking" အမှတ်စဉ် (၂) သင်တန်းဖွင့်လှစ်မည်

"Basic Wireless Networking" အမှတ်စဉ် (၂)

သင်တန်းဖွင့်လှစ်မည်

 

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှုး၍ Wireless Networking နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာအိုင်တီလူငယ်များ၊ လုပ်ငန်းခွင်ဝင်ရောက်မည့် Wireless Technician များ၊ MCPA Member များအတွက် “Basic Wireless Networking” အမှတ်စဉ် (၂) သင်တန်းကို ၂၀၁၇ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် နည်းပညာ အထောက်အကူပြု စေရန် ဖွင့်လှစ် သင်ကြားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ IT Industry အတွင်း ကျွမ်းကျင်ပြီး လက်တွေ့အသုံးချနိုင်သော Wireless Technician များ ပေါ်ထွက်လာရေး၊ လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချလျက်ရှိသော Wireless Standards များ၊ Wireless ချိိတ်ဆက်ရာတွင် ကြုံတွေ့ရနိုင်သည့် Interference များ၊ Radio Frequency Behavior များအား သိရှိလိုသူများ၊ Theory  ပိုင်းနားလည်ပြီး လက်တွေ့အသုံးချလိုသော Wireless Technician  များအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြား  ခြင်းဖြစ်သည်။

ဤသင်တန်းအား Networking အခြေခံသိရှိထားသူများတက်ရောက်နိုင်ပြီး သင်တန်း တက်ရောက်ခြင်းအားဖြင့်  Wireless Standards များ၊ Interferences များ၊ Radio Frequency Behavior များအား သိရှိနားလည်ပြီး၊ Wireless ချိတ်ဆက်ရာတွင် ကြုံတွေ့ရနိုင်သည့် အခက်အခဲ များအား ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများနှင့်အတူ စာတွေ့အပြင် လက်တွေ့ပိုင်း အားဦးစားပေး သင်ကြား လေ့လာရမည်  ဖြစ်သည်။

 

Content Overview – “Basic Wireless Networking No(2)”

•     802.11 Wireless Standards (a, b, g, n, ac)

•     Advantages and Disadvantages of Wireless

•     Wireless Site Survey

•     Wireless Security (WEP, WPA2, etc….)

•     RF Behavior (Reflection, Refraction, Diffraction, Scattering, Absorbtion, etc….)

•     Wireless Ad-Hoc and Infrastructure Mode

•     Point to Point, Point to MultiPoint, Repeater

•     Antennas (Omini, Semidirectional, Highlydirectional)

•     Unifi Software Controller Configuration with Unifi APs

•     Bandwidth Limitation and Vouncher Code Creation of Unifi APs

•     How to Maximizing Bandwidth

သင်တန်းကာလ      -၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက် မှ ဖေဖော်ဝါရီလ (၂၆) ရက် (စနေ၊တနင်္ဂနွေ)

သင်တန်းအချိန်                 -  နေ့လည် ၀၁းဝဝ နာရီ မှ ၀၄းဝဝ နာရီအထိ  

သင်တန်းဆရာ                  -  ဦးဟိန်းစိုး 

သင်တန်းကြေး                  -  ၇၀,၀၀၀/ (ခုနှစ်သောင်းကျပ်တိတိ)

MCPA Member (50%)      -  ၃၅,၀၀၀/ (သုံးသောင်းငါးထောင်ကျပ်တိတိ)

သင်တန်းသားဦးရေ          -  (၂၀) ဦး

သင်တန်းနေရာ                 - အဆောင် (၉)၊ မြေညီထပ်၊ MCPA ICT Lab၊ MICT Park၊ လှိုင်မြို့နယ်။

 

သင်တန်းတက်ရောက်လိုသူများအနေဖြင့် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက် နေ့လယ် (၁၂) နာရီ  နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိ လိုပါက  မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း  ရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ် ၊ ဖုန်းနံပါတ် - ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်း နိုင်ပါသည်။      

(မှတ်ချက်။ အတန်းတက်ချိန် ၇၅ % မပြည့်ပါက သင်တန်းဆင်းလက်မှတ်ပေးအပ်မည် မဟုတ်ပါ။)