MCPA နှင့် အမေရိကန်နိုင်ငံရှိ ထိပ်တန်း Networking ကုမ္ပဏီတစ်ခု ဖြစ်သော Allied Telesis ကုမ္ပဏီတို့ ပထမဆုံးအကြိမ် ပူးပေါင်း၍ “Layer 2 Networking” သင်တန်းကို ဇူလိုင်လ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၌ ဖွင့်လှစ်သင်ကြား မည်ဖြစ်သည်။
ပြည်တွင်း၌ အရည်အချင်းပြည့်ဝသော Layer 2 Networking ပညာရှင်များ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ သင်တန်းတွင် Switching Introduction, Hardware Architecture, Operations, Virtual Local Area Network, Spanning Tree Protocol, Rapid Spanning Tree, Trunking, Power over Ethernet, Stracking, Mirroring နှင့် Statistics စသည်တို့ကို စင်္ကာပူနိုင်ငံမှ ပညာရှင်ကိုယ်တိုင် သင်ကြားပေးမည်ဖြစ်ပြီး Hardware နှင့် Networking အခြေခံထားရှိသူများ တက်ရောက်နိုင်သည်။
MCPA အနေနဲ့ နိုင်ငံခြားအဖွဲ့အစည်းတစ်ခုနဲ့ ပထမဆုံးအကြိမ် ပူးပေါင်းဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး Allied Telesis ကုမ္ပဏီက နာမည်ကြီး Cisco လို Switch၊ Router စသည့် Networking ထုတ်ကုန်များ ထုတ်လုပ်လျက်ရှိသည့် ကမ္ဘာကျော် အမေရိကန်ကုမ္ပဏီ တစ်ခုဖြစ်ပါသည်။ သင်တန်းတွင် Network Engineer နေ့စဉ်လုပ်ရသည့်အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်အောင် လုပ်နိုင်ရန် နှင့် Layer 2 Networking အပိုင်းကို ကျွမ်းကျင်ပိုင်နိုင်စေရန် သင်ကြားပေးမည်ဖြစ်သည်။
သင်တန်းတက်ရောက်ပြီးဆုံးပါက Completion Certificate ကို ပေးအပ်မည်ဖြစ်ပြီး စာမေးပွဲအောင်မြင်ပါက CAI-L2 Certificate (Certified Allied Telesis Installer Layer 2) ကိုပါ ရရှိမည်ဖြစ်သည်။
သင်တန်းကြေးအနေဖြင့် စာရွက်စာတမ်းကြေး၊ နေ့လည်စာ၊ နေ့ခင်းကော်ဖီ၊ စာမေးပွဲကြေး နှင့် အသိအမှတ်ပြုလက်မှတ်များ အပါအဝင် ကျပ်တစ်သိန်းငါးသောင်း သတ်မှတ်ထားပြီး တက်ရောက်လိုသူများအနေဖြင့် ဇွန်လ (၂၅) ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း နှင့် သင်တန်းသားဦးရေကို နှစ်ဆယ်အထိသာ လက်ခံမည်ဖြစ်ပါသည်။
ဒီသင်တန်းကို Switched Network တွေကို Installation, Configuration နဲ့ Trouble Shooting တွေလုပ်နေရတဲ့သူတွေ တက်ရောက်သင့်ပါတယ်။ တက်ရောက်မည့် ကျောင်းသားများအနေဖြင့် မိမိအစီအစဉ်နဲ့ Laptop တစ်လုံးယူလာဖို့ မျှော်လင့်ပါတယ်။ အကယ်၍ အခက်အခဲရှိတယ်ဆိုရင် MCPA ရုံးခန်းသို့ ကြိုတင်အကြောင်းကြား စေချင်ပါတယ်။
သင်တန်းတက်ရောက်ရန် စိတ်ဝင်စားသူများသည် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်၊ အဆောင်(၄)၊ အခန်း(၄)၊ မြန်မာအင်ဖိုတက်ခ် ဖုန်း-၆၅၂၂၇၆ သို့ အသေးစိတ်သိရှိလိုပါက ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။
