ICT-Laboratory “ Wireless Hotspot Configuration”ခေါင်းစဉ်ဖြင့် လက်တွေ့စမ်းသပ်ပြုလုပ်မည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) သည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာ လက်တွေ့လေ့လာမှုများအား အထောက်အကူပြုနိုင်ရန်အတွက် လစဉ် LAB Schedule များရေးဆွဲ၍ လက်တွေ့ လုပ်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဖြစ်သော ဦးဇော်ဝင်းထွန်း မှ နိုဝင်ဘာလ (၆) ရက်တွင် နေ့လည် ၁းဝဝ နာရီမှ ၅းဝဝ နာရီအထိ “Wireless Hotspot Configuration” ခေါင်းစဉ်ဖြင့် လက်တွေ့သရုပ်ပြ သွားမည်ဖြစ်သည်။

Wireless နည်းပညာကို တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ရန်နှင့် Wireless Hotspot များဖန်တီးနိုင်ရန် Wireless Hotspot တည်ဆောက်ပုံများကို လက်တွေ့လုပ်ဆောင်နိုင်ရန် ရှင်းလင်းပြသပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ MCPA စာမေးပွဲအောင်မြင်ထားသူများ နှင့် Network အခြေခံတတ် မြောက်ထားသူများ နိုဝင်ဘာလ (၅) ရက်နေ့ ညနေ (၃းဝဝ) နာရီနောက်ဆုံးထား၍ စာရင်း ပေးသွင်းနိုင်သည်။ လက်တွေ့စမ်းသပ်သူ (၂၄) ဦး လက်ခံမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း(၄)၊ ဖုန်း-၆၅၂၂၇၆၊ ၀၉- ၇၃၀၈၈၃၀၀ သို့ ဆက်သွယ် စုံစမ်းနိုင်သည်။

 

Add comment


Security code
Refresh

 
 

kamagra Kamagra Jelly cialis Generique kamagra us comprar viagra generico cialis cialis viagra levitra kamagra