“Cloud Computing and Virtualization” ဟောပြောပွဲကျင်းပမည်

သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း (MCPA) မှ ကြီးမှူး၍ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၂၇) ရက် (စနေနေ့) နေ့လည် (၃း၀၀ မှ ၅း၀၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ အခန်း (၂၀၅) တွင် Microsoft Certified Trainer အဖြစ် ဂျပန်နိုင်ငံတွင် လုပ်ကိုင်နေသူ ဦးဇော်ဖြိုးတင်ထွန်းမှ Cloud Computing and Virtualization ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောမည်ဖြစ်ပါသည်။

ဟောပြောမည့်သူ၏ နိုင်ငံတကာအတွေ့အကြုံများကို အခြေခံ၍ ယနေ့ခေတ် လူသိအများဆုံးနှင့် အသုံး အတွင်ကျယ် ဆုံးဖြစ်လာမည့် နည်းပညာသစ်များကို တက်ရောက်သူများအား ဆွေးနွေးရှင်းလင်းမည်ဖြစ်ပါသည်။

အဆိုပါဆွေးနွေးဟောပြောပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ လက်ရှိ IT လောကတွင် Professional အဖြစ် လုပ်ကိုင်နေသူများ၊ Professional Developer ဖြစ်လိုသူများ နှင့် စိတ်ပါဝင်စားသူမည်သူမဆို (အခမဲ့) တက်ရောက်ဆွေးနွေးနိုင်သည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် - ၆၅၂၂၇၆ သို့ဆက်သွယ်စုံစမ်းနိုင်သည်။

 

Add comment


Security code
Refresh

 
 

kamagra Kamagra Jelly cialis Generique kamagra us comprar viagra generico cialis cialis viagra levitra kamagra