Developer Conference 2017 Yangon အခမ်းအနားကျင်းပပြုလုပ်ခဲ့ခြင်း

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၁၈ - ၁၉) တွင် Developer Conference 2017 အခမ်းအနားကို MICT Park, Main Building, Conference Hall, Room (205), (203) တို့ ၌ ကျင်းပပြုလုပ်ခဲ့ရာ Speaker နှင့် Co Speaker (၃၇) ဦးတို့မှ ဝင်ရောက်ဟောပြောခဲ့ကြပါသည်။
ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ (၁၈) ရက် နံနက် (၉) နာရီမှ (၁၀) နာရီအထိ Conference Hall တွင် ပြုလုပ်ခဲ့ရာ Developer Conference ကျင်းပရေးကော်မတီ၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးသောင်းစုငြိမ်းက Software Industry Update နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) နှင့် Myanmar Certified Training Centers (MCTC) တို့ နားလည်မှုစာချွန်လွှာ (MOU) လက်မှတ် ရေးထိုးခြင်းအခမ်းအနားကို ဆက်လက်ပြုလုပ်ခဲ့ပြီး အမှတ်တရဓါတ်ပုံရိုက်ကူး၍ အခမ်းအနားကို အောင်မြင်စွာ ပြုလုပ်ခဲ့ပါသည်။

Category: