အမျိုးသားမဟာဗျူဟာစီမံကိန်း စတင်ဆောင်ရွက်ခြင်းအခမ်းအနားသို့တက်ရောက်ခဲ့ခြင်း

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက်တွင် ပညာရေးဝန်ကြီးဌာနကြီးမှူး၍ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) ၌ကျင်းပခဲ့သည့် အမျိုးသားမဟာဗျူဟာစီမံကိန်း ၂၀၁၆ - ၂၀၂၁ စတင်ဆောင်ရွက်ခြင်း အခမ်းအနားသို့ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ ဥက္ကဌ ဦးသောင်းစုငြိမ်းနှင့် ဒုတိယဥက္ကဌ (၁) ဦးထွန်းခိုင် တို့တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကတော် ဒေါ်စုစုလွင်နှင့် အတူ လွှတ်တော်ဥက္ကဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်တိုင်းဒေသကြီးများမှ သက်ဆိုင်ရာဝန်ကြီးများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ သံတမန်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

Category: