ဧရာဝတီတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍နည်းပညာတက္ကသိုလ်(မအူပင်) တွင် MCPA Day အခမ်းအနားပြုလုပ်ခဲ့ခြင်း

ဧရာဝတီတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းနှင့်ကွန်ပျူတာတက္ကသိုလ်(မအူပင်) တို့ ပူးပေါင်းစီစဉ်သည့် MCPA Day အခမ်းအနားကို ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက် ကြာသပတေးနေ့တွင် ကွန်ပျူတာတက္ကသိုလ်(မအူပင်) တွင်ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း တွဲဖက်အတွင်းရေးမှူ ဉီးဇော်ဝင်းထွန်းမှNetworking ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း
အတွင်းရေးမှူး ဦးအောင်ကျော်စိုးမှ Opensource ခေါင်းစဉ်ဖြင့်လည်းကောင်း
ဆွေးနွေးဟောပြောခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားသို့ ကွန်ပျူတာတက္ကသိုလ်(မအူပင်)မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ဧရာဝတီတိုင်းဒေသကြီးကွန်ပျူတာပညာရှင် အသင်းမှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များတက်ရောက်ခဲ့ကြပါသည်။

Category: