ထိုင်းနိုင်ငံသို့ Inventory Management by Computer Software နည်းပြ သင်တန်းတက်ရောက်ရန်ကိစ္စ။

၁။        အလုပ်သမားညွှန်ကြားရေးဉီးစီးဌာန၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲနှင့် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဌာန နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့တို့ပူးပေါင်း၍ ဝန်ကြီးဌာန များ ပုဂ္ဂလိက သင်တန်းကျောင်းများရှိ သက်မွေးပညာသင်တန်းကျောင်းများတွင် သင်ကြား နေ သော နည်းပြဆရာ များ၏ အရည်အသွေးပိုမိုမြင့်မားလာစေရေးနှင့် နိုင်ငံအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် အတွက် Competency Standard နှင့် Training Curriculum များ ရေးဆွဲနိုင်ရေးတို့အတွက် ထိုင်းနိုင်ငံသို့ နည်းပြသင်တန်းသားများ စေလွှတ်လေ့ကျင့်ပေးလျက် ရှိပါသည်။

၂။        သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံတွင် ၂၀၁၇ခုနှစ်၊ မတ်လ(၂၁) ရက်မှ (၂၃) ရက်အထိ ဖွင့်လှစ်မည့် Inventory Management by Computer Software နည်းပြသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း မှ သင်တန်းသား(၁) ဉီး တက်ရောက်ရမည်ဖြစ်ပါသည်။

၃။        ထိုသင်တန်းသို့ သွားရောက်လိုသည့် လေယာဉ်လက်မှတ်၊ ဗီဇာ၊ နေထိုင်စားသောက် စရိတ်များကို Department အထိ Skill Development ဘက်မှ ကျခံပေးမည် ဖြစ်ပါသည်။

၄။        လျှောက်ထားလိုသည့် အသင်းသူ/အသင်းသားအနေဖြင့် Active Member ဖြစ်ရမည်။ အထူးသဖြင့် Inventory Management နှင့်သက်ဆိုင်သည့်Software Industry တွင် လုပ်ကိုင်နေသူ ဖြစ်ရမည်။ နိုင်ငံကူးလက်မှတ် အနည်းဆုံး (၆) လ သက်တမ်းရှိရမည်။ အကယ်၍ အရွေးခံရမည့်သူသည် နိုင်ငံကူးလက်မှတ်မရှိပါက မိမိအစီအစဉ်ဖြင့် အချိန်မီလျှောက်ထား ပေးရမည်။

၅။        (၁ − ၃ − ၂၀၁၇) ဗုဒ္ဓဟူးနေ့ နောက်ဆုံးထားပြီး ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာ ပညာရှင်အသင်း၊ ရုံးခန်း အဆောင်(၉)၊ မြေညီထပ် သို့ လာရောက် စာရင်းပေးသွင်း ရမည် ဖြစ်ပါသည်။ သင်တန်းတက်ရောက်ရန် လျှောက်ထားလိုသူများအား အင်တာဗျူး ပြုလုပ်မည့် ရက်ကို ဆက်သွယ်အကြောင်းကြား ပေးမည် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက အသင်းရုံး ဖုန်းနံပါတ် − ၀၁ − ၆၅၂၂၇၆ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း

Category: