မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ (၁/၂၀၁၇) ကြိမ်မြောက် စုံညီလပတ် အစည်းအဝေးကျင်းပပြုလုပ်ခဲ့ခြင်း

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ (၁/၂၀၁၇) ကြိမ်မြောက် စုံညီလပတ် အစည်းအဝေး ကို ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ(၁) ရက်၊ ဗုဒ္ဓဟူးနေ့ နေ့လယ် (၁း၀၀) နာရီတွင် အခန်း(၂၀၅)၊ ပင်မဆောင်၊ MICT Park ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း နာယက ဦးသိန်းဦးမှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးသောင်းစုငြိမ်း၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးထွန်းခိုင်၊ ဒုတိယဥက္ကဋ္ဌ (၂) ဦးငြိမ်းဦး၊ အတွင်းရေးမှူး ဦးမင်းဦးနှင့် အလုပ်အမှုဆောင်များ၊ ပြည်နယ်တိုင်းဒေသကြီးအသင်းများမှ အလုပ်အမှုဆောင်များ စုံညီစွာ တက်ရောက်ခဲ့ကြပြီး MCPA အသင်း၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းပြီး အစည်းအဝေးကို အောင်မြင်စွာပြုလုပ်ခဲ့ပါသည်။

 

Category: