မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ (၂၀၁၇ − ၂၀၁၉) ခုနှစ်၊ အလုပ်အမှုဆောင် အဖွဲ့ ရာထူးတာဝန်လွှဲပြောင်းခြင်းအခမ်းအနားပြုလုပ်ခဲ့ခြင်း

             မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ (၂၀၁၇ − ၂၀၁၉) ခုနှစ်၊ အလုပ်အမှုဆောင် အဖွဲ့ ရာထူးတာဝန်လွှဲပြောင်းခြင်းအခမ်းအနားကို ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် (၁၀း၀၀) နာရီတွင် အခန်း(၂၀၅)၊ Main Building, MICT Park ၌ ကျင်းပပြုလုပ် ခဲ့ရာ အခမ်းအနားတွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနာယက ဦးသိန်းဦး၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးမှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ယခင်ဥက္ကဋ္ဌ ဦးရဲရင့်ဝင်းမှ ၂၀၁၄−၂၀၁၆ ခုနှစ် သက်တမ်းဆောင်ရွက်ချက်များကို အနှစ်ချုပ်သုံးသပ် တင်ပြခြင်း၊ ဘဏ္ဍာရေးမှူး ဦးဘိုဘိုလွင်မှ ငွေစာရင်းရှင်းတမ်းဖတ်ကြားခြင်းများဆောင်ရွက်ခဲ့ပါသည်။  ဆက်လက်ပြီးအခမ်းအနားအစီအစဉ်အတိုင်း ၂၀၁၄−၂၀၁၆ ခုနှစ်သက်တမ်းအမှုဆောင်အဖွဲ့ နှုတ်ထွက်ခြင်း နှင့် ၂၀၁၇−၂၀၁၉ ခုနှစ်သက်တမ်း ရွေးချယ်တင်မြှောက်ခံ ရသည့် အမှုဆောင်အဖွဲ့အမည် စာရင်း ကြေငြာခြင်း၊ ၂၀၁၇−၂၀၁၉ခုနှစ်အလုပ်အမှုဆောင်အဖွဲ့အား ရာထူးတာဝန် လွှဲပြောင်းခြင်းတို့ကို ပြုလုပ်၍ ၂၀၁၇−၂၀၁၉ခုနှစ် သက်တမ်းအတွက် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် အသင်း ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းက အဖွဲ့သစ်၏ ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ တင်ပြခြင်းများကို ဆက်လက်ဆောင်ရွက်ပြီး အမှတ်တရဓါတ်ပုံရိုက်ကူး၍ အခမ်းအနားကို အောင်မြင်စွာ ပြုလုပ်ခဲ့ပါသည်။

Category: