မြန်မာနိုင်ငံကွန်ပျုတာပညာရှင်အသင်းနှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့၏ တိုင်းဒေသကြီး / ပြည်နယ်အသင်းများမှ အသင်းသား/သူများသို့ အသိပေးကြေငြာချက်

November 3, 2018 / Comments Off on မြန်မာနိုင်ငံကွန်ပျုတာပညာရှင်အသင်းနှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့၏ တိုင်းဒေသကြီး / ပြည်နယ်အသင်းများမှ အသင်းသား/သူများသို့ အသိပေးကြေငြာချက်

News

မြန်မာနိုင်ငံကွန်ပျုတာပညာရှင်အသင်းနှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့၏ တိုင်းဒေသကြီး / ပြည်နယ်အသင်းများမှ အသင်းသား/သူများသို့ အသိပေးကြေငြာချက်
=====================================================

၁။ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ မွန်ပြည်နယ် ၊ ပဲခူးတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် စသည့် တိုင်းဒေသကြီး / ပြည်နယ် ကွန်ပျူတာပညာရှင်အသင်းနှင့် ကွန်ပျူတာလုပ်ငန်းရှင်အသင်းများတွင် ၂၀၁၈-၂၀၂၀ ခုနှစ် သက်တမ်းအတွက် အလုပ်အမှုဆောင်အဖွဲ့များအား ရွေးကောက်တင်မြှောက်၍ ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၂။ သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ် ကွန်ပျူတာပညာရှင်အသင်းနှင့် ကွန်ပျူတာလုပ်ငန်းရှင်အသင်းများ၏ အလုပ်အမှုဆောင်အဖြစ် ဆန္ဒပြုသူများသည် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများ ဖြစ်ရပါမည်။

(က) ၂၀၁၈ ခုနှစ် ၊ အောက်တိုဘာ (၃၁) ရက်တွင် အသင်းဝင်သက်တမ်း (၁) နှစ် ရှိသူဖြစ်ပြီး ၊ အဆိုပြုသည့်နေ့တွင် အသင်းဝင်ကြေးမျာအား ပေးသွင်းပြီးသူ ဖြစ်ရမည်။
(ခ) ကွန်ပျူတာလုပ်ငန်းရှင်အသင်း အလုပ်အမှုဆောင် လျှောက်ထားသည့်အချိန်တွင် Associat Member ဖြစ်ပြီး အသင်း၏ လုပ်ငန်းများတွင် ကိုယ်တိုင်တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
(ဂ) ကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် လျှောက်ထားသည့်အချိန်တွင် အသင်းဝင်အဆင့်သည် Association Member (or) Professional Member (or) Fellow Member အဆင့်ရှိသူ ဖြစ်ရမည်ဖြစ်ပြီး ၊ အသင်း၏ လုပ်ငန်းများတွင် ကိုယ်တိုင်တက်ကြွစွာ ဦးဆောင်ပါဝင်ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
(ဃ) အသင်းမှ ချမှတ်ထားသော မူဝါဒ ၊ ရှေ့လုပ်ငန်းစဉ်နှင့် အကောင်အထည်ဖော်မှုများတွင် တွေးခေါ်ကြံဆ အကြံပြုဆွေးနွေးဦးဆောင်နိုင်သူဖြစ်ရမည်။
(င) အသင်းအမှုဆောင်အဖွဲ့မှ အခါအားလျော်စွာ ပေးအပ်သော တာဝန်ဝတ္ထရားများကို ကျေပွန်စွာ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

(၃) သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသော အသင်းသားများသည် ပတ်စ်ပို့အရွယ် ဓါတ်ပုံ (၂) ပုံ နှင့် မှန်ကန်ပြည့်စုံစွာ ဖြည့်စွက်ပြီး ကိုယ်တိုင်လက်မှတ်ရေးထားသော ဆန္ဒပြုလွှာတို့အား အောက်ပါရက်များအတိုင်း ညနေ (၃) နာရီ နောက်ဆုံးထား၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အီးမေးလ် – [email protected] ဖုန်း (၀၁) ၆၅၂၂၇၆ နှင့် မြန်မာနိုင်ငံကွန်ပျုတာလုပ်ငန်းရှင်အသင်း အီးမေးလ် [email protected] ဖုန်း (၀၁) ၆၅၂၂၃၈ နှင့် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်၍ ဆန္ဒပြုလွှာများ ပေးပို့ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

(ကွန်ပျူတာပညာရှင်အသင်း ဆန္ဒပြုလွှာများကို www.mcpamyanmar.org တွင် Download ရယူနိုင်ပြီး ၊ ကွန်ပျုတာလုပ်ငန်းရှင်အသင်း ဆန္ဒပြုလွှာများကို www.mciamyanmar.org တွင် Download ရယူနိုင်ပါသည်။)

ရွေးကောက်ပွဲ ကျင်းပမည့် ရက်များ
======================

၁၅ – ၁၁ – ၂၀၁၈ (ကြာသပတေးနေ့)

#ဧရာဝတီတိုင်းဒေသကြီး
ကွန်ပျုတာပညာရှင်အသင်း
ကွန်ပျူတာလုပ်ငန်းရှင်အသင်း
လျှောက်လွှာနောက်ဆုံးရက် (၁၀ – ၁၁ – ၂၀၁၈)
– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –
၁၆ – ၁၁ – ၂၀၁၈ (သောကြာနေ့)

#ပဲခူးတိုင်းဒေသကြီး
ကွန်ပျုတာပညာရှင်အသင်း
ကွန်ပျူတာလုပ်ငန်းရှင်အသင်း
လျှောက်လွှာနောက်ဆုံးရက် (၁၁ – ၁၁ – ၂၀၁၈)
– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –
၁၇ – ၁၁ – ၂၀၁၈ (စနေနေ့)

#မွန်ပြည်နယ်
ကွန်ပျုတာပညာရှင်အသင်း
ကွန်ပျူတာလုပ်ငန်းရှင်အသင်း
လျှောက်လွှာနောက်ဆုံးရက် (၁၂ – ၁၁ – ၂၀၁၈)
– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –
၁၇ – ၁၁ – ၂၀၁၈ (စနေနေ့)

#ကရင်ပြည်နယ်
ကွန်ပျုတာပညာရှင်အသင်း
ကွန်ပျူတာလုပ်ငန်းရှင်အသင်း
လျှောက်လွှာနောက်ဆုံးရက် (၁၂ – ၁၁ – ၂၀၁၈)
– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –
၈ – ၁၂ – ၂၀၁၈ (စနေနေ့)

#မန္တလေးတိုင်းဒေသကြီး
ကွန်ပျုတာပညာရှင်အသင်း
ကွန်ပျူတာလုပ်ငန်းရှင်အသင်း
လျှောက်လွှာနောက်ဆုံးရက် (၁ – ၁၂ – ၂၀၁၈)
– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –
၈ – ၁၂ – ၂၀၁၈ (စနေနေ့)

#မကွေးတိုင်းဒေသကြီး
ကွန်ပျုတာပညာရှင်အသင်း
ကွန်ပျူတာလုပ်ငန်းရှင်အသင်း
လျှောက်လွှာနောက်ဆုံးရက် (၁ – ၁၂ – ၂၀၁၈)
– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –
၉ – ၁၂ – ၂၀၁၈ (တနင်္ဂနွေနေ့)

#စစ်ကိုင်းတိုင်းဒေသကြီး
ကွန်ပျုတာပညာရှင်အသင်း
ကွန်ပျူတာလုပ်ငန်းရှင်အသင်း
လျှောက်လွှာနောက်ဆုံးရက် (၁ – ၁၂ – ၂၀၁၈)
– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –
၁၄ – ၁၂ – ၂၀၁၈ (သောကြာနေ့)

#ရန်ကုန်တိုင်းဒေသကြီး
ကွန်ပျုတာပညာရှင်အသင်း
ကွန်ပျူတာလုပ်ငန်းရှင်အသင်း
လျှောက်လွှာနောက်ဆုံးရက် (၇ – ၁၂ – ၂၀၁၈)
– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

Download ရယူရန်

Application-Form-About-MCPA-Final