Seminar Title : “The Workings of The Internet ”
Speaker : Packet Clearing House မှ Internet Analyst နှစ်ဦး
Date and Time : မတ်လ (၁၁)ရက် (ကြာသပတေး) နေ့လည် (၂:၃၀) နာရီ မှ (၅း၀၀) နာရီအထိ
Venue : မြန်မာအင်ဖိုတက်ခ်၊ ပင်မဆောင် ရှိ အခန်း(၂၀၅)
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း မှကြီးမှူး၍ အင်တာနက်ကွန်ယက်ချိတ်ဆက်မှုဆိုင်ရာနည်းပညာများ နှင့် ပတ်သက်၍ သိရှိနားလည်စေရန်ရည်ရွယ်၍ မတ်လ (၁၁)ရက် (ကြာသပတေး) နေ့လည် (၂:၃၀) နာရီ မှ (၅း၀၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ ပင်မဆောင် ရှိ အခန်း(၂၀၅) တွင် အင်တာနက်ကွန်ယက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းဖြစ်သော Packet Clearing House မှ Internet Analyst နှစ်ဦး မှ “The Workings of The Internet ” ခေါင်းစဉ်ဖြင့် ရှင်းလင်းဟောပြောမည်ဖြစ်ပါသည်။
ဆွေးနွေးဟောပြောပွဲသို့ ကွန်ပျူတာပညာရှင်အသင်းဝင်များ၊ ISP, LSP လုပ်ငန်းများမှ Network အင်ဂျင်နီယာများ၊ Internet အင်ဂျင်နီယာများ ၊ Internet လေ့လာလိုသူ ကျောင်းသား၊ ကျောင်းသူများ နှင့် စိတ်ပါဝင်စားသူမည်သူမဆို (အခမဲ့) တက်ရောက်ဆွေးနွေးနိုင်သည်။ အသေးစိတ်သိရှိလိုပါကမြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင်(၄) အခန်း(၄)၊ ဖုန်းနံပါတ် - ၆၅၂၂၇၆ သို့ဆက်သွယ်စုံစမ်းနိုင်သည်။
