မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ နှင့် ၂ဝ၁ဝ ပြည့်နှစ် ဇွန်လတွင် ကျင်းပပြုလုပ် ခဲ့သော MCPA (FSE) နှင့် (NA) စာမေးပွဲအောင်မြင်သူများကို ၂ဝ၁ဝ ပြည့် နှစ် ဇူလိုင်လ (၁ဝ) ရက် စနေနေ့ နံနက် ၉း၀၀ တွင် မြန်မာအင်ဖိုတက်ခ်၊ ပင်မဆောင် Conference Hall တွင် အသိအမှတ်ပြု အောင်လက်မှတ်များပေးအပ်ချီးမြှင့်မည် ဖြစ်ပါသည်။ ထိုစာမေးပွဲ ၂ ခုတွင် FSE အောင်မြင်သူ (၂၇) ဦးနှင့် NA အောင်မြင်သူ (၇၇) ဦးရှိကြောင်း သတင်းရရှိသည်။ အောင်စာရင်းကို ၂၆-၆-၂ဝ၁ဝ ရက်တွင် အသင်းမှ ထုတ်ပြန်ကြေငြာခဲ့ပြီး ဖြစ်သည်။

Comments
RSS feed for comments to this post