မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း မှ အလုပ်အမှုဆောင် ၂ ဦး
9th ITEE Questions Formulation Meeting တက်ရောက်
ဂျပန်နိုင်ငံမှ ဦးစီး၍ ဗီယက်နမ်နိုင်ငံ Ho Chi Minh City တွင် (၃၁.၅.၂၀၁၀)ရက်နေ့ မှ (၂.၆.၂၀၁၀)ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့သည့် 9th ITEE Questions Formulation Meeting သို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အလုပ်အမှုဆောင်များဖြစ်သည့် ဒေါ်အေးအေးသင်း နှင့် ဦးအောင်ဇော်မြင့် တို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ပုံမှန်စစ်ဆေးနေသော ITEE စာမေးပွဲကိစ္စရပ်များ၊ မေးခွန်းပုံစံများ နှင့် အခြားပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြပြီး ကိုယ်စားပြု နိုင်ငံများအဖြစ် မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ မွန်ဂိုလီးယား၊ ဗီယက်နမ် အစရှိသော နိုင်ငံများမှ တက်ရောက်ကြသည်။
