Network Training - “Administering the Standardized Network”
Date : မေလ (၁၃) ရက်နေ့မှ မေလ (၁၆) ရက်နေ့အထိ
Time : နံနက်(၈း၃ဝ)နာရီ မှ ညနေ(၅း၃ဝ) နာရီအထိ
Venue : ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ Myanmar Info-Tech ရှိ အဆောင်(၁) သင်တန်းခန်း
Given By: Assembler, Compu -Tech, M.S.T, BizNet Computer Center
Fees : သင်တန်းကြေး ၇၅ဝဝဝ ကျပ် (10% discount for MCPA members)
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (MCPA) နှင့် Assembler, Compu -Tech, M.S.T, BizNet Computer Center တို့ ပူးပေါင်းစီစဉ်မှုဖြင့် လက်တွေ့လုပ်ငန်းခွင်တွင် ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်စေရန် နှင့် MCPA Exam တွင် ဖြေဆို အောင်မြင်သူတိုးတက်လာစေရန် ဟူသော ရည်ရွယ်ချက်ဖြင့် “Administering the Standardized Network” သင်တန်းအား ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ Myanmar Info-Tech ရှိ အဆောင်(၁) သင်တန်းခန်းတွင် မေလ (၁၃) ရက်နေ့မှ မေလ (၁၆) ရက်နေ့အထိ နံနက်(၈း၃ဝ)နာရီ မှ ညနေ(၅း၃ဝ) နာရီအထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းကြေးမှာ ၇၅ဝဝဝ ကျပ်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းဝင်များအား ၁ဝ% Discount ပေးမည်ဖြစ်သည်။
အဆိုပါသင်တန်းတွင် ကွန်ပျူတာအခြေခံအဆင့် လေ့လာထားပြီး၊ Computer Network ချိတ်ဆက် ထိန်းသိမ်းမှုကို စိတ်ဝင်စားစွာလေ့လာလိုသူများ၊ ကုမ္ပဏီများ၊ ဌာနဆိုင်ရာများတွင် Computer Network ဖြင့် နေ့စဉ် ထိတွေ့လုပ်ကိုင်နေရပြီး သင်တန်းအတွက် အချိန်များစွာ မပေးနိုင်သူများ၊ ကွန်ပျူတာသင်တန်းများ၊ တက္ကသိုလ်များမှ ကျောင်းဆင်းပြီး Computer Network ဘာသာရပ်ကို အထူးပြုလေ့လာနေသူများ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ စစ်ဆေးလျှက်ရှိသော Network စာမေးပွဲများကို ဝင်ရောက်ဖြေဆိုရန် လေ့လာနေသူများအတွက် Network အခြေခံသဘောတရားများ၊ Standard များမှ အစပြုပြီး၊ အဆင့်မြင့် မျက်မှောက် နည်းပညာရပ်များ IPv6, Cat6Cabling, Hotspot, Info security, WAN Technologies, Server Managements များစာတွေ့၊ လက်တွေ့ပါဝင်ပြီး MCPA စာမေးပွဲများနှင့် Network အထူးပြု Certification များဖြေဆိုရာတွင် အထောက်အကူရရှိပါမည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ်-၆၅၂၂၇၆ သို့ မေလ (၁o)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပါသည်။
