စာအမှတ်။ ။မကပ/စီမံ(၂၀၁၀)/(၀၅၇)
နေ့စွဲ။ ။၂ဝ၁ဝ ပြည့်နှစ်၊ ဧပြီလ (၃၀) ရက်။
နေ့စွဲ။ ။၂ဝ၁ဝ ပြည့်နှစ်၊ ဧပြီလ (၃၀) ရက်။
အကြောင်းအရာ။ ။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတွင် အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လိုပါက ဆန္ဒပြု နိုင်ပါရန် ဖိတ်ခေါ်ခြင်း။
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) မှ ကွန်ပျူတာနည်းပညာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များအား ပိုမို ထိရောက် ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရန်အတွက် အလုပ်အမှုဆောင်အဖွဲ့အား ဖြည့်တင်းလိုပါသဖြင့် အောက်ပါအရည်အချင်း နှင့် ပြည့်မှီသူများ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လိုကြောင်း ဆန္ဒပြုနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။
၁။ မြန်မာနိုင်ငံကွန်ပျူတာာပညာရှင်အသင်း (MCPA) ၏ Professional Member ဖြစ်ရမည်။
၂။ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရဖြစ်ရမည်။
၃။ IT လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၃) နှစ်ရှိရမည်။
၎။ အလုပ်အမှုဆောင်အဖွဲ့တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်သူဖြစ်ရမည်။
(လျှောက်ထားလိုသူများသည် ၂၅-၅-၂၀၁၀ နေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း (၄) တွင် လာရောက်လျှောက်ထားနိုင်ပါသည်။)
ဦးငြိမ်းဦး
အတွင်းရေးမှူး
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း
MCPA ၏ သင်းဖွဲ့စည်းမျဉ်းအရ ဥက္ကဌ၏ သက်တမ်းသည် ၂နှစ်ဖြစ်ပြီး သက်တမ်းနှစ်ခုစာ ၄နှစ် တာဝန်ထမ်းဆောင်ပြီးလျှင် လက်ရှိ ဥက္ကဌသည် တာဝန်မှ အနားယူရကာ ဥက္ကဌ အသစ်ရွေးကောက် တင်မြှောက်ရပါသည်။ လက်ရှိဥက္ကဌ ဆရာဦးခွန်ဦးသည် သက်တမ်းနှစ်ခု တာဝန်ထမ်းဆောင်ပြီးဖြစ်၍ ဥက္ကဌတာဝန်မှ အနားယူတော့မည်ဖြစ်ပါသည်။
ဥက္ကဌ အနားယူခြင်းနှင့်အတူ လက်ရှိသက်တမ်းမှ အလုပ်မှုဆောင် သုံးပုံတစ်ပုံလည်း အနားယူရမည်ဖြစ်၍ အလုပ်အမှုဆောင်အဖြစ် အသစ်တာဝန်ထမ်းဆောင်မည့် သူများကို ဖိတ်ခေါ်ခြင်း ဖြစ်ပါသည်။
