မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် မြန်မာနိုင်ငံကွန်ပျူတာ ဝါသနာရှင်အသင်းများမှ ကြီမှူး၍ Myanmar ICT Awards ပြိုင်ပွဲကို နိုင်ငံတော်အဆင့် သတ်မှတ်၍ Mobile Application, Website, Educational Projectဟူ၍ ဆုသုံးမျိုးကို နှစ်စဉ်ရွေးချယ် ပေးအပ်သွားမည်ဖြစ်ရာ Myanmar ICT Awards 2009အတွက် ပြိုင်ပွဲဝင်လိုသူများကို ဖိတ်ခေါ်ထားကြောင်း သိရသည်။

၂၀၀၉ခုနှစ်အတွက် Myanmar ICT Awards အဖြစ် Mobile Application of the Yearနှင့် Website of the Yearတို့ကို ရွေးချယ်ပေးအပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်လိုသူများ အနေဖြင့် အဆိုပြု Projectတင်ရန် နောက်ဆုံးသတ်မှတ်ရက်ကို ယခင်က ၂၀၀၉ခုနှစ် ဒီဇင်ဘာလ၃၀ရက်နေ့ သတ်မှတ်ထားရာမှ ယခုအခါ ၂၀၁၀ခုနှစ် ဇန်နဝါရီလ၁၅ရက်သို့ ပြောင်းရွှေ့လိုက်ကြောင်းလည်း သိရသည်။ အဆိုပြု Projectများကို ၂၀၁၀ခုနှစ် ဇန်နဝါရီ၁၅ရက် နေ့လည်၁၂း၀၀နာရီ နောက်ဆုံးထား၍ လှိုင်မြို့နယ် Myanmar Info-Techရှိ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း ရုံးခန်းများသို့ ပေးပို့ရမည်ဖြစ်သည်။ Project ပေးပို့ရာတွင် Website/Application၏ ရည်ရွယ်ချက်(Objective)၊ ပါဝင်သည့်အကြောင်းအရာ(Features)၊ ဈေးကွက်ရရှိမှု အခြေအနေ(Market Potential)၊ ထူးခြားချက်(Uniqueness)၊ နည်းပညာ(Technology)၊ အကျိုးကျေးဇူး(Benifits) စသည့်တို့ကို ပြည့်စုံစွာရေးသား၍ ပြိုင်ပွဲဝင် အဆိုပြုလျှောက်လွှာနှင့်အတူ CDဖြင့် လူကိုယ်တိုင် လာရောက်၍သော်လည်းကောင်း၊ Projectကို အွန်လိုင်းမှ ကြည့်ရှုနိုင်မည့် URLအား mcpamm@gmail.comနှင့် mciaoffice@gmail.comသို့ emailဖြင့်သော်လည်းကောာင်း ပေးပို့နိုင်မည်ဖြစ်သည်။ ပြိုင်ပွဲဝင် အဆိုပြုလျှောက်လွှာပုံစံနှင့် အသေးစိတ်အချက်အလက်များကို www.myanmarictawards.org တွင် ဝင်ရောက် လေ့လာနိုင်ကြောင်း သိရသည်။

Ref: ကိုရဲ (Internet Journal , Vol. 11, No. 1)
Planet Myanmar Network (http://www.planet.com.mm/news/read.cfm/id/14300)