မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း MCPA Certified Network Associate Exam Preparation (Intensive Course) ဖွင့်မည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြုစာမေးပွဲများကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်တွင် ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါစာမေးပွဲများသည် Professional နယ်ပယ်သို့စတင် ဝင်ရောက်သူများအတွက် အဓိက လိုအပ်သော အသိပညာများနှင့် ကျွမ်းကျင်မှုများကို ဦးတည်စစ်ဆေးသော စာမေးပွဲများဖြစ်သည်နှင့်အညီ စာမေးပွဲ အောင်မြင်သူများသည် ပညာရှင်နယ်ပယ်တွင် စတင်ဝင်ရောက်လုပ်ကိုင်မည့် အခြေအနေသို့ ရောက်ရှိမည်ဖြစ်ပါသည်။

MCPA Certified Network Associate (NA) စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူများ တိုးတက်လာစေရန်၊ Networking ဆိုင်ရာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စာမေးပွဲအထာက်အကူပြုသင်တန်းအား အောက်ဖော်ပြပါ အစီအစဉ်အတိုင်း သင်ကြားဖွင့်လှစ်ခြင်း ဖြစ်ပါသည်။


သင်ကြားမည့်ဘာသာရပ်များ

Desktop PC Hardware, Desktop OS, Networking Fundamental, NOS and Network Environment, Network Management, WLAN, WAN Technologies, Network Security (Networking သင်ခန်းစာအချို့အား ICT Lab ဖြင့် လက်တွေ့သင်ကြားပါမည်)

သင်တန်းကာလ နှင့် အချိန်

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၈) ရက် မှ (၁၁) ရက်အထိ (၄) ရက်

(ကြာသာပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေ)

နံနက် ၉း၀၀ မှ ညနေ ၄း၀၀ အထိ

သင်တန်းကြေး

(၁၀,၀၀၀) ကျပ်

(စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူများသာ တက်ရောက်နိုင်ပါသည်)

သင်တန်းဖွင့်လှစ်မည့်နေရာ

MCF e-Learning Center ၊ အဆောင် (၁)၊

Myanmar Info-Tech ၊ လှိုင်မြို့နယ်၊

သင်ကြားမည့်ဆရာများ

ဦးအောင်စိုးမိုး၊ ဦးရဲကျော်သိန်း၊ ဦးအောင်ဇော်မြင့်၊ ဦးဇော်ဝင်းထွန်း၊

(EC မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း)

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄) ၊ အခန်း (၄) ၊ ဖုန်း ၀၁-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ (၂၅.၁၁.၂၀၁၁) ရက်နေ့ မှစ၍ စာရင်းပေးသွင်းနိုင်ပါသည်။


 

Add comment


Security code
Refresh

 
 

kamagra Kamagra Jelly cialis Generique kamagra us comprar viagra generico cialis cialis viagra levitra kamagra