မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း
အသိအမှတ်ပြုစာမေးပွဲများ ကျင်းပ
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) မှ MCPA Certified Fundamental Software Engineer (FSE) နှင့် Network Associate (NA) Exam တို့ကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း နှင့် အသင်းခွဲများရှိရာ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း နှင့် ရှမ်းပြည်နယ်တို့တွင် ယနေ့ နံနက် ၉ နာရီမှ ၁၂နာရီ အထိ တပြိုင်နက်တည်း ပြုလုပ်ကျင်းပပါသည်။ Fundamental Software Engineer exam ကို စုစုပေါင်း ၇၆ ဦး နှင့် Network Associate exam ကို ၁၈၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပါသည်။


