Uploaded on
Mon, Jan 30, 2012, 08:40 ,
By:
Zaw Win Tun
သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်း (YCPA) မှ ကြီးမှုး၍ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက် (သောကြာနေ့) နေ့လယ် (၂း၀၀) မှ ညနေ (၄း၀၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ အခန်း(၂၀၅) တွင် USA နိုင်ငံရှိ National Center for Super Computing Application (NCSA) တွင် System Engineer အဖြစ်လုပ်ကိုင်နေသော ဦးချစ်ခင်မှ “Real Life Experience on Clustering and Linux Server Administration” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးမည် ဖြစ်ပါသည်။
အဆိုပါ ဟောပြောပွဲတွင် Computer ပညာလေ့လာသူ လူငယ်များ နှင့် Networking နှင့် Server Administration ပညာကိုစိတ်ပါဝင်စားသူများ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ မည်သူမဆို(အခမဲ့) တက်ရောက်ဆွေးနွေးနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ မြန်မာအင်ဖိုတက်ခ်၊ ဖုန်း-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။