Events

Event 

Title:
ကျင်.၀တ် နှင်. နည်းပညာေ ဟာပြော ပွဲ
When:
13.09.2010 - 14.09.2010 09:00AM - 05:00AM
Category:
Seminar

Description

           သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရန်အတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း မှ ကြီးမှူး၍ Myanmar Blogger Society (MBS) အဖွဲ့မှ ပံ့ပိုးကူညီမှုဖြင့်  ရန်ကုန်မြို့၊ လှိုင်မြို့နယ် မြန်မာအင်ဖိုတက်ခ် အဆောက်အဦး၌ စက်တင်ဘာလ ၁၃ ရက် နှင့် ၁၄ ရက်နေ့များတွင်  “ကျင့်ဝတ် နှင့် နည်းပညာ” ခေါင်းစဉ်ဖြင့် နည်းပညာနှီးနှောဖလှယ်ပွဲ နှင့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်သည်။ MBS သည် နည်းပညာတိုးတက်လိုသည့် လူငယ် များဖြင့် ဖွဲ့စည်းထားပြီး နည်းပညာဆိုင်ရာဟောပြောပွဲ နှင့် တိုးတက်ပြန့်ပွားရေးလှုပ်ရှားမှုများကို ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်ပြီး ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလအတွင်း ကျင်းပခဲ့သည့် BarCamp Yangon 2010 တွင် Organizer အဖြစ် ပါဝင် ဆောင်ရွက်ခဲ.ကြသည်။

            စက်တင်ဘာလ ၁၃ ရက်၊ နံနက် (၉းဝဝ) နာရီမှ ညနေ (၅းဝဝ) နာရီအထိ၊ မြန်မာအင်ဖိုတက်ခ်၊ Conference Hall တွင် ယဉ်ကျေးမှု နှင့် နည်းပညာခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်မည်ဖြစ်ပြီး ဆိုရှယ်မီဒီယာ အသုံးဝင်မှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ဆိုရှယ်နက်ဝေါ့ခ် နှင့် ကောင်းကျိုးဆိုးပြစ် စသည့်နည်းပညာ အခြေခံ လူမှုကွန်ယက်တိုးတက် ပြောင်းလဲမှုများအကြောင်းကို လူငယ် ပညာရှင်များမှ ဟောပြောကြမည်ဖြစ်သည်။

          စက်တင်ဘာလ ၁၄ ရက်နေ့တွင် နံနက် (၉းဝဝ) နာရီမှ ညနေ (၅းဝဝ) နာရီအထိ၊ မြန်မာအင်ဖိုတက်ခ်၊ အခန်းအမှတ် (၂၀၅)တွင် ကျင့်ဝတ်နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပြည်တွင်း စာနယ်ဇင်းဆရာ များမှ ၄င်းတို့ ဖြတ်သန်းလာမှုများ နှင့် အတွေ့အကြုံများအားလည်းကောင်း၊ နည်းပညာဖြင့် ပေါင်းစပ် ပြောင်းလဲလာမှုများအားလည်းကောင်း၊ စာပေ နှင့် ကျင့်ဝတ်ဆိုင်ရာ များ မူပိုင်ခွင့်များ နှင့် အခြားသောအခွင့်အလမ်းနှင့် နည်းပညာများအားလည်းကောင်း နှီးနှောဖလှယ်ကြ မည်ဖြစ်သည်။

        အဆိုပါဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များနှင့် စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်ဆွေးနွေးနိုင်သည်။ အသေးစိတ်သိရှိလိုပါကမြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၊ အဆောင်(၄) ၊ အခန်း(၄) ၊ မြန်မာအင်ဖိုတက်ခ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်း- (၆၅၂၂၇၆)၊ (၇၃ဝ၈၈၃ဝဝ) သို့ဆက်သွယ် မေးမြန်းနိုင်သည်။ 

 
 

kamagra Kamagra Jelly cialis Generique kamagra us comprar viagra generico cialis cialis viagra levitra kamagra