Events
Event
- Title:
- "MCPA Exam အကြောင်း သိကောင်းစရာ"
- When:
- 14.11.2009 13:00 - 15:00
- Where:
- ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ အခန်း (၂ဝ၅) - Yangon
- Category:
- Seminar
Description
သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း မှကြီးမှူး၍ ယနေ့ခေတ် IT Industry ၏ လိုအပ်ချက်နှင့်အညီ အရည်အချင်းပြည့်ဝသော IT ပညာရှင်များပေါ်ထွက်လာရန် ရည်ရွယ်၍ “ MCPA Exam အကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း တွဲဖက်အတွင်းရေးမှူး-၁ ဦးရဲရင့်ဝင်း မှ နိုဝင်ဘာလ(၁၄)ရက် စနေနေ့ နေ့လည်(၁း၀၀)နာရီမှ (၃း၀၀)နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ အခန်း(၂၀၅)တွင် ဆွေးနွေး ဟောပြောမည်ဖြစ်ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူများ၊ ကွန်ပျူတာတက္ကသိုလ် နှင့် နည်းပညာ တက္ကသိုလ် ကျောင်းသား/ ကျောင်းသူများ၊ IT နယ်ပယ်တွင် လက်တွေ့လုပ်ကိုင်နေသူများ နှင့် စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ်- ၆၅၂၂၇၆ သို့ဆက်သွယ်စုံစမ်းနိုင်သည်။
Venue
- Venue:
- ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ အခန်း (၂ဝ၅)
- City:
- Yangon
- Country:
-
Description
EventList powered by schlu.net
