Events
Event
- Title:
- Experiencing Software Development with Real Life Example
- When:
- 11.10.2009 13:00 - 17:00
- Where:
- Conference Hall, Myanmar Info-Tech ပင်မဆောင် -
- Category:
- Seminar
Description
သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းမှကြီးမှူး၍ Software Development နည်းပညာများ ပိုမိုတိုးတက်မြင့်မားလာစေရန် နှင့် နိုင်ငံတကာတွင် Software Project များကို စနစ်တကျ တည်ဆောက်သည့်နည်းလမ်းများ၊ Programming ကို စိတ်ဝင်စားသော မြန်မာလူငယ်များ ပိုမိုနားလည်သဘောပေါက်လာစေရန် ဟူသော ရည်ရွယ်ချက်များဖြင့် “Experiencing Software Development with Real Life Example” ခေါင်းစဉ်ဖြင့် Australia နိုင်ငံရှိ Fuji Xerox ကုမ္ပဏီမှ မြန်မာလူမျိုး Project Manager ဖြစ်သူ ဦးဝဏ္ဏညွန့်မှ အောက်တိုဘာလ (၁၁) ရက် တနင်္ဂနွေနေ့ နေ့လည် (၁း၀၀) နာရီမှ ညနေ (၅း၀၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ Conference Hall တွင် ဆွေးနွေးဟောပြောမည်ဖြစ်ပါသည်။
ယင်းဆွေးနွေးပွဲတွင် IT ပညာရပ်ကို စိတ်ပါဝင်စားပြီး Software Developer ဖြစ်လိုသူများအတွက် သိသင့် သိထိုက်သော Knowledge များ၊ Techniques များကို Case Studies ၂ခုဖြင့် အသေးစိတ်ဆွေးနွေးပေး သွားမည် ဖြစ်ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ Software Developer များ၊ Programmer များနှင့် စိတ်ပါဝင်စားသူမည်သူမဆို (အခမဲ့) တက်ရောက်ဆွေးနွေးနိုင်သည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄) အခန်း(၄)၊ ဖုန်းနံပါတ် - ၆၅၂၂၇၆ သို့ဆက်သွယ်စုံစမ်းနိုင်သည်။
Venue
Description
EventList powered by schlu.net
