Events
Event
- Title:
- 3rd MCPA Free Talk
- When:
- 10.10.2009 13:00 - 17:00
- Where:
- ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ အခန်း (၂ဝ၅) - Yangon
- Category:
- Activity
Description
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းအလုပ်အမှုဆောင်များ နှင့် အသင်းဝင်များ၊ ပြင်ပမှစိတ်ဝင်စားသူများ ပိုမိုရင်းနှီွးင့်လင်းမှု ရရှိစေရန် ရည်ရွယ်၍ အောက်တိုဘာလ(၁၀)ရက် (စနေနေ့) မွန်းလွဲ (၁း၀၀)နာရီ မှ (၄း၀၀)နာရီ အထိ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ အခန်း(၂၀၅) တွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင်များမှ တတိယအကြိမ် MCPA Free Talk ဆွေးနွေးပွဲကျင်းပမည်ဖြစ်သည်။
ယင်းဆွေးနွေးပွဲတွင် Networking, Security, Hardware, Software Development, Exams & Certification, Seminars & Workshops, Members Affairs, Job Opportunities & General Affairs စသည့်ကဏ္ဍများဖြင့်ခွဲခြားပြီး တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
၎င်းတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကွန်ပျူတာနယ်ပယ်ထဲ သို့ဝင်ရောက်လိုသူများ၊ သား/သမီးများ၏ ပညာရေး၊ အလုပ်အကိုင်များအတွက် ဆွေးနွေးလိုသော မိဘများ နှင့် စိတ်ပါဝင်စား သူမည်သူမဆို လွတ်လပ်စွာ တက်ရောက်မေးမြန်းဆွေးနွေးနိုင်သည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းရုံးခန်း အဆောင်(၄)၊ အခန်း(၄)၊ မြန်မာအင်ဖိုတက်ခ် ဖုန်း-၆၅၂၂၇၆ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Venue
- Venue:
- ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ အခန်း (၂ဝ၅)
- City:
- Yangon
- Country:
-
Description
EventList powered by schlu.net
