MCPA Online

Networking Training

“Implementing and Administering a Standardized Network” သင်တန်းပို့ချမည်

 မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း (MCPA) နှင့် Assembler, Compu-Tech, M.S.T, BizNet Computer Center တို့ ပူးပေါင်းစီစဉ်မှုဖြင့် “Implementing and Administering a Standardized Network”  သင်တန်းအား ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ Myanmar Info-Tech ရှိ e-Learning Center တွင် မတ်လ(၄)ရက်နေ့ မှ မတ်လ(၈)ရက်နေ့အထိ နံနက်(၉း၀၀)နာရီ မှ ညနေ(၅း၀၀) နာရီ အထိ ဖွင့်လှစ်သင်ကြားပေး မည်ဖြစ်သည်။

      အဆိုပါသင်တန်းတွင် Network အခြေခံသဘောတရားများ၊ Standard များမှ အစပြုပြီး၊ အဆင့်မြင့် မျက်မှောက် နည်းပညာရပ်များ IPv6, Cat6Cabling, Hotspot, Infosecurity, WAN Technologies, Server Managements များ စာတွေ့၊လက်တွေ့ပါဝင်ပြီး MCPA စာမေးပွဲများနှင့် Network အထူးပြု Certification များဖြေဆိုရာတွင် အထောက်အကူ ရရှိပါမည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ်-၆၅၂၂၇၆ သို့ မတ်လ (၂)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း သတင်းရရှိသည်။
 

ဂျပန်နိုင်ငံ ITPEC Executive Director အစည်းအဝေး ၂၀၁၁ သို့တက်ရောက်ရန် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ မလေးရှားနိုင်ငံသို့ထွက်ခွါ

ဂျပန်နိုင်ငံ Information Technology Promotion Agency မှ ကြီးမှူး၍ ဇန်နဝါရီလ ၂၄ ရက်နေ့မှ ဇန်နဝါရီလ ၂၆ ရက်နေ့ အထိ ဆွေးနွေးကျင်းပမည့် ITPEC Executive Director’s Meeting 2011 သို့တက်ရောက်ရန် နှင့် ITPEC Examination ဆိုင်ရာများ နှင့် ICT Skill Standard များ ၊ Applied Technology Engineering Examination ဆိုင်ရာများကို ဆွေးနွေးရန်အတွက် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း မှ ဥက္ကဋ္ဌ ဦးရဲရင့်ဝင်း သည် ဇန်နဝါရီလ ၂၄ ရက်နေ့ နေ့လည် (၁၂း၁၅)နာရီက ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများ နှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မည့် ITPEC Examination များ နှင့် ပတ်သက်ပြီး Progress များ ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များအား သက်ဆိုင်ရာနိုင်ငံ အသီးသီး၏ ကွန်ပျူတာအသင်းများအား ကိုယ်စားပြု ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။


 

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(MCPA) မှကြီးမှူး သော Developer Conference 2011-Yangon ကို Online Register ပြုလုပ်ကာစာရင်းပေးသွင်းနိုင်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(MCPA) မှကြီးမှူး သော Developer Conference 2011-Yangon ကို ၂၀၁၁ ခုနစ်သြဂုတ် လ ၂၀-၂၁ ရက်များတွင် မြန်မာအင်ဖိုတက်ခ် တွင်ကျင်းပပြူလုပ်မည်ဖြစ်ပြီး တက်ရောက်လိုသူများသည် အသင်း ၏ WebLink : www.devconmyanmar.org သို.၀င်ရောက်ကာကြိုတင်စာရင်းပေးသွင်းနိုင်ပြီး အသေးစိတ်အချက်အလက်များကိုပါဝင်ရောက်လေ.လာနိုင်ကြောင်း အသိပေးအပ်ပါသည်။

 

ICT-Laboratory “Client Server on VMware” ခေါင်းစဉ်ဖြင့် လက်တွေ့စမ်းသပ်ပြုလုပ်မည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(MCPA) သည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာ လက်တွေ့လေ့လာမှု များအားအထောက်အကူပြုနိုင်ရန်အတွက် လစဉ် LAB Schedule များရေးဆွဲ၍ လက်တွေ့ လုပ်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် တစ်ဦးဖြစ်သော ဦးရဲကျော်သိန်း မှ ဇွန်လ (၂၅) ရက်တွင် နေ့လည် ၁း၀၀ နာရီ မှ ၅း၀၀ နာရီအထိ “Client Server on VMware” ခေါင်းစဉ်ဖြင့်လက်တွေ့ သရုပ်ပြသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ MCPA စာမေးပွဲအောင်မြင်ထားသူများ နှင့် စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်လေ့လာနိုင်ပြီး ဇွန်လ (၂၄) ရက် ညနေ (၃း၀၀) နာရီ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်သည်။ လက်တွေ့စမ်းသပ်သူ (၂၄) ဦး လက်ခံမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း (၄)၊ ဖုန်း-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ဆက်သွယ် စုံစမ်းနိုင်သည်။

 

Yangon ICT Fair (Computer &Mobile) ပြပွဲကျင်းပပြုလုပ်လျှက်ရှိ

 

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း နှင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့မှ ပူးပေါင်းကျင်းပ သည့် Yangon ICT Fair (Computer & Mobile) ကို ၂၀၁၂ခုနှစ်၊ မေလ(၁၁) ရက်မှ (၁၃)ရက်အထိ ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်လျှက်ရှိပါသည်။

ထိုနည်းပညာပြပွဲတွင် Mobile နှင့် IT နယ်ပယ်မှ အီလက်ထရောနစ်ကုမ္ပဏီများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များ၊ ဆက်သွယ်ရေးပစ္စည်းအရောင်းဆိုင်များ၊ CD အရောင်းဆိုင်များ၊ စာအုပ်အရောင်းဆိုင်များ၊ Scanner၊ Copier၊ Camera၊ Projector၊ အရောင်းဆိုင်များ၊ Software & Training Company များ၊ Website၊ SMS Solution၊ Wimax၊ Wifi၊ Networking Product၊ Electronic Dictionary၊ Mobile & Mobile Software၊ Windows နှင့် Application ပျက်စီးခြင်းနှင့် Virus ဝင်ရောက်တိုက်ခိုက်မှုခံရခြင်းများကို စိုးရိမ်စရာ မလိုအပ်သော Discovery Recovery System၊ VCD များအား Copy ကူးခံရခြင်း၊ Capture ပြုလုပ်ခံရခြင်းစသည့် ခိုးကူးခံရမှုများကို ကာကွယ်ပေးနိုင်သော Capture Protect (VCD) နည်းပညာများ အစရှိသော အရောင်းဆိုင်များ ပါဝင်ပြသလျှက်ရှိပါသည်။

ပြပွဲဝင်ကုမ္ပဏီပေါင်း(၅၀)ခုမှ ပြခန်းပေါင်း(၁၄၂)ခန်းဖြင့် နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ အများပြည်သူများ လာရောက်ကြည့်ရှုလေ့လာနိုင်ရန် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ကွန်ပျူတာ၊ မိုဘိုင်းနှင့် ဆက်စပ်ပစ္စည်းများကို အထူးအစီအစဉ် Promotion များဖြင့် သက်သာစွာ ဝယ်ယူနိုင်မှာ ဖြစ်ပါသည်။


 
«StartPrev12345678910NextEnd»

Page 1 of 34
 
 

kamagra Kamagra Jelly cialis Generique kamagra us comprar viagra generico cialis cialis viagra levitra kamagra