မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ (၂၀၁၇ − ၂၀၁၉) ခုနှစ် အမှုဆောင်သက်တမ်း အတွက်အလုပ်အမှုဆောင်အဖွဲ့၏ အမည်စာရင်းနှင့် ရာထူးအား ထုတ်ပြန်ကြေညာခြင်း

Title: 
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ (၂၀၁၇ − ၂၀၁၉) ခုနှစ် အမှုဆောင်သက်တမ်း အတွက်အလုပ်အမှုဆောင်အဖွဲ့၏ အမည်စာရင်းနှင့် ရာထူးအား ထုတ်ပြန်ကြေညာခြင်း

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ (၂၀၁၇ − ၂၀၁၉) ခုနှစ် အမှုဆောင်သက်တမ်း အတွက် အလုပ်အမှုဆောင်ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်၊ သောကြာနေ့ နံနက် (၉း၀၀) နာရီတွင် အခန်း (၂၀၅)၊ ပင်မဆောင် ၊ MICT Park ၌ ကျင်းပပြုလုပ်ခဲ့ပြီး ရွေးချယ်ခံရသော အလုပ်အမှုဆောင်အဖွဲ့၏ အမည်စာရင်းနှင့် ရာထူးအား ထုတ်ပြန်ကြေညာ အပ်ပါသည်။

 

Category: 
Photos: 

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း “Winning Ways to your Success” ဟောပြောပွဲကျင်းပမည်

Title: 
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း “Winning Ways to your Success” ဟောပြောပွဲကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း
“Winning Ways to your Success”
ဟောပြောပွဲကျင်းပမည်
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်
(ကြာသပတေးနေ့) နံနက် (၁၀း၀၀ မှ​ ၁၂း၀၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park၊ အခန်း(၂၀၅) တွင် Director of Programs & International Empowerment Career Coach / Trainer Phil WIN (MAITD, MACPI) မှ “Winning Ways to your Success” ခေါင်းစဥ်နှင့် ပတ်သက်၍ ဆွေးနွေးဟောပြောမည် ဖြစ်ပါသည်။
အဆိုပါ ဟောပြောပွဲ၌ အောက်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောပေးမည် ဖြစ်ပါသည်။
1. 5 Key Secrets to your successful career
2. Winning Formula for your better life
3. 7 Winning Ways to your success
4. Install 6 High Performers habits.
5. Build Winning confidence
6. Set your Goals & become reality
ဟောပြောပွဲသို့ တက်ရောက်ခြင်းအားဖြင့် မိမိတို့၏ နေ့စဉ်ဘဝတွင် အောင်မြင်မှုနည်းလမ်းများကို ရရှိနိင်ပြီး ပိုမိုကောင်းမွန်သော ဘဝသစ်သို့ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။ မိမိကိုယ်မိမိ တန်ဖိုးထားနိုင်၍ နေ့စဉ် လုပ်ငန်းခွင်တွင် ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပြီး မိမိတို့ဘဝပန်းတိုင်ကို အောင်မြင်စွာ ရောက်ရှိနိုင်မည့် ဘဝနေနည်း ဗျူဟာများကို လေ့လာသိရှိနိုင်မည် ဖြစ်ပါသည်။
အဆိုပါ ဟောပြောပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များနှင့် စိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက် ဆွေးနွေးနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင် (၉)၊ မြေညီထပ်၊ MICT Park၊ ဖုန်း − ၆၅၂၂၇၆၊ ၀၉−၇၃၀၈၈၃၀၀ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင် ပါသည်။
(မှတ်ချက် − လူဦးရေ(၁၀၀) ဦး ကန့်သတ်ထားပါသဖြင့် တက်ရောက်လိုသူများအနေဖြင့် အသင်းရုံး ဖုန်း (သို့) email – yrcpaoffice@gmail.com သို့ ကြိုတင်စာရင်းပေးသွင်းရပါမည်။)
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း

Category: 
Photos: